Movie Name
Dhobi Ghat (2010 )
Year
2010
Generes
Drama
Code
00072
Type
Movie
Size
732 MB
Country
Bollywood
Description
ဒီကားလေးကတော့ IMDB rating 7.2/10 ရရှိထားပြီး ဒရမ်မာ ဆန်ဆန် လွမ်းမောဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ Pk မင်းသား ပါဝင်သရုပ်ဆောင်ထားပြီး လူနေမှုဘဝအဆင့်အတန်းကို မီးမောင်းထိုးပြပေးတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း ➳ ➳ ➳ ➳ ➳အာရွန် ဆိုတဲ့ ပန်းချီဆရာလေးဟာ တိုက်ခန်းငယ်တစ်ခုဆီ ငှါးရမ်းနေထိုင်ဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ သူငှားနေတဲ့ရပ်ကွက်ကတော့ မွန်ဘိုင်းရဲ့အခြေခံလူတန်းစားရပ်ကွက်လေးပေါ့အတိတ် မှာဖြင့် အာရွန် ဟာ သူ့မိန်းမနဲ့ကွာရှင်းခဲ့ပြီးနာက် စိတ်ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ်လာခဲ့ရတယ်။ အဲဒီနောက် သူဟာ မိန်းကလေး များနှင့် ခပ်ခွာခွာ နေလာခဲ့ရသူ ဖြစ်လာခဲ့တယ်။ဒါပေမဲ့ မွန်ဘိုင်း တိုက်ငယ်ဆီ မပြောင်းခင်တုန်းကပေါ့။ အာရွန်ဟာ ရှိုင်း ဆိုတဲ့ကောင်မလေးနဲ့ ဆုံဆည်းခဲ့ပါသေးတယ်။ရှိုင်း ဟာ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီး သူမရဲ့ ဝါသနာအရ ဓာတ်ပုံရိုက်ခြင်းမှာ ဝါသနာထုံသူတစ်ဦးပါ။တစ်နေ့ မှာ အာရွန်ရဲ့ ပန်းချီ ပြပွဲသွားရင်း ရှိုင်းဟာ အာရွန်ကို ခင်မင်ရင်းနှီး သွားပါတယ်။ အဲ့ဒီနောက် ရှိုင်းကတော့ အာရွန်ကို တိတ်တခိုးချစ်မိသွားပါတော့တယ်။ဒီ ဇာတ်ကားရဲ့ နောက်ဇာတ်ကောင်လေးကတော့ မူနာ ဆိုတဲ့ အဝတ်လျှော်သမားလေးပါ။သို့ပင် သူ့မှာ ရုပ်ရှင်မင်းသားဆိုတဲ့ အိပ်မက်လေးလည်း ရှိထားနှင့်ခဲ့ပါတယ်။တစ်နေ့မှာ မူနာ ဟာ ရှိုင်းတို့တိုက်ခန်းဆီ အဝတ်သွားပို့တဲ့ချိန်မှာတော့ အာရွန်ရဲ့ အကျီၤကို မှားပို့မိပါတယ်။ ရှိုင်းကတော့ ူအာရွန့်လိပ်စာကိုမေးမြန်းစုံစမ်းရင်း အာရွန်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ မူနာလည်း ရှိုင်း နဲ့ ခင်မင်ရင်းနှီးရင်း ရှိုင်းရဲ့ ဖလင်ပုံရိပ်တွေမှာ မော်ဒယ်လ်အသွင်နဲ့ အနုပညာ ကိုဖော်ကျူးခဲ့ပါတယ်။ အဲ့ဒီနောက် မူနာကလည်း ရှိုင်းကို သံယောဇဉ်တွယ် ချစ်ခင်လာမိခဲ့ပါတယ်။တစ်နေ့မှာတော့ အာရွန်ဟာ ရှိုင်းနဲ့ ပြန်တွေ့ကြသောအခါ—???ကဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ဒီဇာတ်ကားလေးက သာမန် အချစ်အလွမ်းသာမက အခြေခံလူတန်းစားတွေရဲ့ဘဝကို ညှာတာ ထောက်ထားဖို့ အသိပညာပါ ဖော်ညွှန်းထားပါတယ်။အာရွန် ၊ ရှိုင်း ၊ မူနာ တို့ သုံးပွင့်ဆိုင်အချစ်ကလည်း မည်သို့ ဖြစ်လာမည်ကလည်း စိတ်လှုပ်ရှား ဖွယ်ကောင်းလှပါတယ်။ဒါ့ပြင် ဒီဇာတ်ကားလေးရဲ့ အဆုံးသတ်ကလည်း သဘာဝဆန်ဆန် ပြီးစီးရင်း ဘဝမှာရုန်းကန်လှုပ်ရှားနေတဲ့ စိတ်ကူး တွေကို ဒိုင်ယာရီသဖွယ် ဒိုးဒိုးဒေါက်ဒေါက် တင်ပြသွားပါတယ်။လူတန်းစား အခြေအနေမတူသော်လည်း အနုပညာ ကိုတန်ဖိုးထားတတ်မှု၊ အချစ် ၏ နူးညံ့ မှုကို ခံစားတတ်မှု၊ ရင်မောဖွယ် ဘဝတို့ကို ရုန်းကန်နေထိုင်တတ်မှု အစရှိတဲ့ အနှစ်သာရတွေနဲ့ ပြည့်ဝနေတာကြောင့် ဒီဇာတ်ကားလေးက ကြည့်သင့်ကြည့်ဖွယ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ကြောင်း တိုက်တွန်းညွှန်းဆိုလိုက်ရပါတော့တယ် ခင်ဗျား။