Movie Name
Once (2007)
Year
2007
Generes
Drama, Romance
Code
EN0836
Type
Movie
Size
933 MB
Country
Hollywood
Description
IMDb…7.8 ဒီ ဇာတ်ကားဟာ ဇာတ်ဝင်တေးအော်စကာဆုရရှိခဲ့ပြီး အခြားဆုပေါင်း ၂၄ ခုတောင်သိမ်းပိုက်ခဲ့ပါသေးတယ်… သီချင်းတွေကို နှစ်သက်ပြီး အေး‌အေးဆေးဆေး relax လုပ်ချင်ရင် ကြည့်ဖို့ အလွန်သင့်တော်တဲ့ ကားလေးပဲဖြစ်ပါတယ်။ ၂၀၀၇ မှာ ရိုက်ခဲ့တာဖြစ်ပြီး ဇာတ်ဝင်သီချင်းဖြစ်တဲ့ Falling Slowly ဟာလည်း နာမည်အတော်ကြီးခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒက်ဗလင်မြို့က အသည်းကွဲနေတဲ့ ဂီတသမားလေး တစ်ဦးအကြောင်းပါပဲ။ အရင်ရည်းစားကို မမေ့နိုင်သေးဘဲ ရေးထားတဲ့ သီချင်းတွေကို လမ်းပေါ်မှာ ဆိုနေတုန်း တစ်နေ့မှာ စန္ဒယားတီးတတ်တဲ့ ကောင်မလေးက သဘောကျသွားခဲ့တယ်။ သူနဲ့အတူ မိတ်ဖွဲ့ရင်းနှီးပြီးနောက်ပိုင်း သီချင်းတွေတူတူ ရေးဖြစ်ကြတယ်။ တစ်ဦးနဲ့ တစ်ဦး ခံစားချက်တွေ ရင်ဖွင့်ပြီး အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာတဲ့ သူတို့နှစ်ဦးဟာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့…