Movie Name
ကံတရားကိုလွန်ဆွဲခြင်း (Phatu Kat) (2019)
Year
2019
Generes
Drama, Family, Romance
Code
ST0451
Type
Series
Size
16.1 GB
Country
Thai
Description
Casts: ဝပ် အဖြစ် Tre Porapat Srikajorn ဇဆင်း အဖြစ် Neng Sarun Naraprasertkul အာပရက် အဖြစ် Plengkwan Nattaya Thongsaen ဒေါင်အဖြစ် Bifern Anchasa Mongkhonsamal ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းတွဲလေးက ဒုတိယကမ္ဘာစစ်ဝန်းကျင်က အချိန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းလေတပ်မှ ဒုဗိုလ်ကြီး ကိသိဗဒင်နှင့် ဇနီးဖြစ်သူ နဖာ တို့က ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ နဖာတို့အိမ်မှာ အိမ်ဖော် လမ်ဖောင်က ကိုယ်ဝန်နှင့် အမွှာယောက်ျားလေး နှစ်ယောက်ကိုမွေးလိုက်တယ် ကလေးပျက်ကျထားသော နဖာ မှာ လမ်ဖောင် ရဲ့သားတစ်ယောက်ကို မွေးဖို့တောင်းပြီး လမ်ဖောင်က မပေးတဲ့အတွက် လုယူပါ‌တော့တယ်။ တစ်နေ့မှာ ဗေဒင် ဆရာက အမွှာနှစ်ယောက်တူတူရှိနေရင် တယောက်ကနောက်တယောက်ကို သတ်လိမ့်မယ်လို့ နမိတ်ဖတ်တာကြောင့် လမ်ဖောင်ဟာ သားအငယ်လေး ကို ပေးလိုက်ရပါတယ်။ အဲ့ဒီနောက် လမ်ဖောင်နဲ့ သားအကြီး တို့က မြို့တစ်မြို့ကိုအပြီးထွက်ခွာသွားပါတယ်။ ၂၂ နှစ်ခန့်ကြာတဲ့အချိန်မှာ ညီကိုနှစ်ယောက်ဟာ မထင်မှတ်ထားပဲ တပ်မတော်(လေ)မှာ အမွှာညီကိုမှန်းမသိပဲ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အဖြစ် အတူတူပညာသင်ရပါတယ်။ ဇဆင်း က ဆရာဝန်မလေးဖြစ်တဲ့ အာပရက် ကိုလည်း ငယ်ငယ်ကတည်းက သဘောကျလာခဲ့တာ ညီကိုနှစ်ယောက်လုံးက အာပရက် ဆိုတဲ့မိန်းကလေးကို ချစ်မိတဲ့နောက်တော့ ညီအကိုနှစ်ယောက် ဆက်ဆံရေးက ပြိုင်ဘက်အဖြစ်ပြောင်းလဲသွားပါတယ်။ နောက်ဆုံး သူတို့ညီအကိုနှစ်ယောက် ကသွေးသားအရင်းမှန်တွေဆိုတာ ဘယ်လိုသိနိုင်မလဲ သူတို့အတူရှိရင် ကောဗေဒင်ဆရာဟောထားတဲ့အတိုင်းဖြစ်လာနိုင်မလား ဆက်လက်ကြည့်ရှူလိုက်ရအောင်.