Movie Name
Four To Dinner (2021)
Year
2021
Generes
Comedy, Romance
Code
EN0840
Type
Movie
Size
913 MB
Country
Hollywood
Description
ဖူးစာဆိုတာ ဦးရာပါတဲ့။ ချိန်လိုက်တိုင်းလွဲရင်လွဲနေတတ်ပြီး မချိန်ပေမဲ့ ထိသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဟုတ်မဟုတ်ဆိုတာတော့ Netflix က အသစ်ထွက်ရှိလာတဲ့ ဒီ rom-com (အချစ်ဟာသဇာတ်မြူး‌) ရုပ်ရှင်သစ်လေးမှာ ကြည့်လိုက်ရအောင်နော်။ ဇာတ်လမ်းကတော့ single လေးယောက်ရဲ့ အချစ်ဇာတ်လမ်းတွေကို ခပ်မြူးမြူးလေးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ “Four to Dinner” ဆိုတဲ့အတိုင်း dinner စားရင်းတွေ့ကြတဲ့ဖူးစာဆိုရမလားပါပဲ။ ဇာတ်လမ်းစတဲ့သူကတော့ လူကာနဲ့ ဆာရာတို့ဇနီးမောင်နှံပါ။ သူတို့နှစ်ဦးဟာ သူငယ်ချင်း ၄ ယောက်ကို အိမ်မှာ ညနေစာဖိတ်‌ကျွေးခဲ့ပါတယ်။ လူကာ့ဘက်သူငယ်ချင်းတွေဖြစ်တဲ့ ဒါရီယိုနဲ့ မက်သေယို၊ ဆာရာ့ဘက်က ခီယာရာနဲ့ဂျူလီယာတို့ပါပဲ။ အဲဒီ single လေးယောက်တွေ့ဆုံမိတဲ့အခါ ဘယ်သူကဘယ်သူ့ကို ကြွေသွားမလဲ၊ ဘယ်သူနဲ့ဘယ်သူတွဲမိသွားမလဲ ဆိုတာ စိတ်၀င်စားစရာ ကြည့်ရမှာပါ။ ဒါပေမဲ့ အချစ်ကိစ္စဆိုတာ ထင်တာထက် ပိုရှုပ်ထွေးတတ်ပါတယ်။ အဲဒါကြောင့် လေးယောက်သား နှစ်ယောက်တစ်တွဲတွဲပြီး ရိုးရိုးလေးပြီးမသွားတာကတော့ သေချာပါတယ်။ ဒီတော့ ဘယ်သူတွေက ဘယ်နှစ်ပင်လိမ်ကြမလဲ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ဟာသနှောပြီး ခပ်မြူးမြူးလေးကြည့်ရမှာပါ။ ခဏတာဘ၀အမောပြေစေမှာမို့ rom-com ချစ်သူတွေ လက်မလွတ်တမ်း ကြည့်ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။