Movie Name
I Am The Year, You Are The Star (ကြယ်စင်ရေးသီတဲ့ချစ်ခြင်းသက္ကရာဇ်) (2021)
Year
2021
Generes
Fantasy, Romance
Code
SC0450
Type
Series
Size
7.5 GB
Country
China
Description
1-24 complete ဒီကားလေးကြည့်ချင်ကြတယ်ဆိုလို့ခနခနလာမေးကြလို့ ဒီတစ်ခါမှာတော့ fantasy dramaတွေကို ကြိုက်နှစ်သက်တဲ့ fanလေးတို့အတွက် " I am the years, You are the stars" ( ကြယ်စင်ရေးသီတဲ့ ချစ်ခြင်းသက္ကရာဇ်) ဆိုတဲ့ ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရ‌စေနော် ကျင်းရှောင်ယွီ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို မိတ်ကပ်လိမ်းခြယ်ပေးရတဲ့ ပညာရှင်ဖြစ်ပြီး သူ့ရဲ့အလုပ်အကိုင်မှာ အရမ်းကိုစိတ်နှစ်မြှုပ်ထားတတ်တဲ့သူတစ်ယောက်ပါ အလုပ်အတွက်ဆို ရင်ခွဲရုံတွေအထိပါ လိုက်ပြီး အသေးစိတ်သေချာလေ့လာတတ်တဲ့ သူတစ်ယောက်ပေါ့ ဒါပေမဲ့လည်း အရာရာကိုအကောင်းမြင်တတ်ပြီး လက်ရှိအချိန်မှာပျော်ပျော်နေရဖို့ကအဓိကဆိုတဲ့ ဆောင်ပုဒ်ကိုလက်စွဲပြီး ဘဝကိုပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနေသူပါ လူ့ဘဝမှာအ‌ကောင်းချည်းမရှိနိုင်ဘူးဆိုတဲ့အတိုင်း ဒီလိုပျော်ရွှင်တက်ကြွတဲ့ မိန်းမပျိုလေးမှာ ထူးဆန်းတဲ့ရောဂါတစ်ခုစွဲကပ်ခံစားနေပြီး သေရမဲ့နေ့ကို လက်ချိုးရေပြီးစောင့်နေရသူပါ ကျန်ပိုင်ကျွီး အပြင်ပန်းမှာခပ်ချေချေနေတတ်ပေမဲ့ အတွင်းစိတ်နူးညံ့တဲ့ ပဟေဠိဆန်တဲ့ အဝတ်အစားဒီဇိုင်းနာတစ်ယောက်ပါ အကြောင်းမလှတဲ့ ကြမ္မာအလှည့်အပြောင်းကြောင့် အပြင်လောကနဲ့ကင်းကွာနေရပြီး ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ သူ့ရဲ့စရိုက်အမှန်ကို နှလုံးသားထဲမှာ ပိတ်လှောင်ထားရသူပါ ဒီလိုမျိုး ထူးခြားတဲ့နောက်ခံရှိတဲ့သူတို့နှစ်ဦးဟာ ကားမတော်တဆမှုတစ်‌ခုကြောင့် တွေ့ဆုံရဖို့အကြောင်းဖန်လာပြီး ဒီမတော်တဆမှုကြောင့်ပဲ သူတို့နှစ်ဦးသားရဲ့ဘဝမှာ အလှည့်အပြောင်းတွေဖြစ်လာခဲ့တယ် ဒီလိုပဟေဠိဆန် ဆန်းပြားလှတဲ့ ဇာတ်ကြောင်းရဲ့အမှန်တရားကို လိုက်လံစုံစမ်းရင်းနဲ့ပဲ သူတို့နှစ်ဦးသားရဲ့ အပြန်အလှန် အဖော်ပြုပေးရင်း အချင်းချင်းကုသပေးသွားကြမဲ့ ခရီးစဉ်လေးဟာ စတင်ခဲ့ပါတော့တယ် တကယ်ပဲ.. ဘယ်လိုကံကြမ္မာအလှည့်အပြောင်းမျိုးကများ တူညီတဲ့အချိန်အပိုင်းအခြားတစ်ခုမှာ မဆုံစည်းနိုင်မဲ့သူနှစ်ယောက်ကို ဆုံစည်းစေပြီး ကောင်းဆိုးအခက်အခဲမှန်သမျှကို အတူဖြတ်သန်း‌စေမလဲ... ဒီနှစ်ဦးသားရဲ့ ပဟေဠိpuzzleဟာလည်း နောက်ဆုံးဘယ်လိုမျိုးရုပ်လုံးပေါ်လာမလဲဆိုတာကို SoulKingdomနဲ့အတူ လိုက်ပါစီးမျောခံစားရင်း ကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ် Jin Xiao Yuအဖြစ် Estelle Chen Jiang Bai Juအဖြစ် Liu Hai Kuanတို့မှ ပါဝင်သရုပ်ဆောင်ထားကြပါတယ်