Movie Name
Fox Volant Of The Snowy Mountain (နှင်းတောင်သူရဲကောင်း) (2007)
Year
2007
Generes
Action, Fantasy, Historical
Code
SC0451
Type
Series
Size
22 GB
Country
China
Description
1-40 complete သိုင်းကားစစ်စစ်ကြည့်ချင်တယ့်သူအတွက် နှင်းတောင်သူရဲကောင်း 🍀 1080p HD စဆုံး ___________________________________________________ နဂါးနိုင်ဓား၊သိုင်းလောကစိန်ခေါ်သံ၊သိမ်းငှက်သူရဲကောင်း၊တိမ်လွှာနဂါးသူရဲကောင်းများ စတဲ့သိုင်းကားတွေရဲ့ကလောင်ရှင် စာရေးဆရာကြီး ကျင်းယုံ ရဲ့သိုင်းဝတ္ထုကိုရိုက်ကူးထားတဲ့ "နှင်းတောင်သူရဲကောင်း" ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အများကြီးညွှန်းဖို့လိုမယ်မထင်ပါဘူး. ဟူမိသားစုရဲ့နောက်ဆုံးမျိုးဆက် ဟူဖေး မွေးပြီးခါစကာလမှာ သိုင်းလောက အကျော်အမော်ကြီး ၂ယောက်ဖြစ်တဲ့ ဟူသူရဲကောင်းနဲ့ မြောင်သူရဲကောင်းတို့ လူယုတ်မာတစ်ယောက်ရဲ့ အကွက်ဆင်မှုကြောင့်တိုက်ခိုက်ကြရင်း ဟူသူရဲကောင်းသေဆုံးခဲ့ပါတယ်။ သစ္စာရှိအစေခံလေး ဖျင်အားစစ်ကမွေးကင်းစကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ ဟူဖေးကို ပြုစုပျိုးထောင်ရင်း ဖခင်ချန်ရစ်ခဲ့တဲ့သိုင်းအမွေအနှစ်ကိုသင်ကြားစေခဲ့ပါတယ် .. ဒီလိုနဲ့ ဟူဖေးဟာ သိုင်းပညာထက်မြက်သူတစ်ယောက်ဖြစ်လာခဲ့ပြီး မိဘတွေအတွက်လက်စားချေဖို့ကြိုးစားရင်းနဲ့ အရှုပ်အထွေးကြားထဲလျှို့ဝှက်ချက်တွေ တစ်စတစ်စပေါ်လာတဲ့အခါ သူ့မိဘသေဆုံးမှုဟာ မရိုးရှင်းဘူးဆို သဘောပေါက်လာခဲ့ပါတယ်။ ဘယ်လိုလှည့်ကွက်တွေ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာမလဲ? သိုင်းလောက အရှုပ်အထွေးတွေကြားထဲမှာ ဘယ်လိုရှင်သန်မလဲဆိုတာ ရှုစားကြပါစို့ခင်ဗျာ....