Movie Name
မီးလျှံကြားကချစ်ခြင်းတရား (ရန်ငြိုးကြားကချစ်ခြင်းတရား) (Samee)
Year
2013
Generes
Drama, Romance
Code
ST0043
Type
Series
Size
17.6 GB
Country
Thai
Description
သူမရဲ့စံအိမ်ကို ကယ်တင်ရန်တရုတ်-ထိုင်းစီးပွားရေးလုပ်ငန်းရှင် (Great) နှင့်လက်ထပ်ခိုင်းခြင်းခံရသော မြင့်မြတ်တဲ့အမျိုးသမီး (Preem)တို့ရဲ့မာနထောင်လွှားမှုဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်😍❤💓 Cast: ရတ်အဖြစ် Great Warintorn Panhakarn ရင်အိုင်းအဖြစ် Preem Ranida ဇာတ်လမ်းအကျဉ်းလေးကတော့..... ရင်အိုင်းက တော်ဝင်မျိုးနွယ်တစ်ဦး​ဖြစ်သလို မာနကြီးတဲ့မိန်းကလေးတစ်ဦးပါ။ ငယ်စဥ်တုန်းက ရင်အိုင်းကို သူ့အဖေက တရုတ်-ထိုင်းစီးပွားရေးလုပ်ငန်းရှင် သခင်​ကြီးရီရော်(Jao Sua)နဲ့ သူ့အမေရဲ့သူငယ်ချင်းတွေကို မုန်းဖို့သွန်သင်ခဲ့တယ်။ ရင်အိုင်းကလည်း သူ့အဖေ​ပြောသမျှအားလုံးကို ယုံကြည်ခဲ့တယ်။ ရင်အိုင်းရဲ့စိတ်ထဲမှာ သူမရဲ့အဖေသေဆုံးမှုက သ​ခင်ကြီးရီရော် (Jao Sua) ကြောင့်လို့ယုံကြည်နေခဲ့တာပေါ့။ သူ့အဖေဆုံးပြီးနောက် သူ့အဖေယူထားတဲ့အကြွေးတွေ ဆပ်ဖို့ကိစ္စပေါ်လာပါတော့တယ်။ ဒါကြောင့် သူမရဲ့ပရာကာကစ်စံအိမ်ကို ကယ်တင်ရန် သူမရဲ့ဖခင်ထားခဲ့တဲ့အကြွေးတွေပြန်ဆပ်နိုင်ဖို့အတွက် သူမရဲ့အမေ မွန်ရတ်တနာဝလီ( Lady Rattanawalee )က သခင်ကြီးရီရော် (Jao Sua)နဲ့နောက်အိမ်ထောင်ပြုဖို့ လက်ခံခဲ့တယ်။ ဒါပေမယ့်ကိစ္စတွေက ပိုခက်ခဲလာသည်နှင့်အမျှ သူမရဲ့မွေးစား ဦးလေး ပရာစစ်က သူ့အမေထံမှငွေကို ငြင်းဆန်ပြီး ရင်အိုင်းဆီက အတင်းတောင်းဆိုခဲ့တယ်။ စံအိမ်ကိုရယူဖို့ ပရာစစ်က ရင်အိုင်းကို သတ်ဖို့ကြံစည်နေမှန်းသိတော့ သခင်ကြီးက သူမကို ကာကွယ်ပေးရန် သူ့ရဲ့အငယ်ဆုံးသား ရမ် နှင့်လက်ထပ်စေလိုတယ်။ ကံကောင်းစွာနဲ့ပဲ ရမ်က အိမ်ထောင်ရေးကို ငြင်းဆန်ခဲ့တော့ ရတ်ကလည်း နကိုယ်ကတည်း ၀မ်းမြောက်စွာ လက်ထပ်ချင်တဲ့သူဆိုတော့ ရင်အိုင်းနဲ့လက်ထပ်ဖို့ လက်ခံခဲ့တယ်။ ရမ်ရဲ့အမေက သူ့သားကိုပထမဇနီးရဲ့သားသမီးတွေကိုမုန်းတီးအောင် အမြဲပြောဆိုနေခဲ့တယ်။ ဒါပေမယ့်လက်ထပ်ပြီးတဲ့နောက်မှာတော့ ရင်အိုင်းကို သခင်​ကြီးက သူ့အဖေရဲ့အတိတ်ကပဋိပက္ခကြားထဲမှာ ရတ်နဲ့သူမအဖေကို ရွေးချယ်ခိုင်းခဲ့တာပေါ့ ရင်အိုင်းက အတိတ်ကိုစွန့်လွှတ်ပြီး ရတ်နှင့်ပျော်ရွှင်စွာနေထိုင်းသွားမလား။❔❕ မွန်ရတ်တနာဝလီက သူ့သမီးအားအတိတ်အကြောင်းကို ရှင်းပြမလား။❔ ‼ နောက်ဆုံးတွင် ရင်အိုင်းက သူမရဲ့စိတ်ဆန္ဒကိုလက်လျှော့မည်လား ဆိုတာကိုတော့⁉ "ရန်ငြိုး​ကြားကချစ်ခြင်းတရား"ဆိုတဲ့ ဇာတ်လမ်းလေးမှာစောင့်ကြည့်လိုက်ရအောင်လားဗျ။