-
Movie Name
-
Eternal Love Rain (အဆုံးမဲ့သွန်းဖြိုးချစ်ခြင်းမိုး) (2021)
-
Year
-
2021
-
Generes
-
Fantasy, Historical, Romance
-
Code
-
SC0453
-
Type
-
Series
-
Size
-
3.74 GB
-
Country
-
China
-
Description
-
1-24 complete
ကမ္ဘာ့ချစ်စရာအကောင်းဆုံးနဂါးလေး 💞
သိုင်းကားဆိုroတာလေးမှကြည့်ချင်သူတေဒီကားကိုသာကြည့်လိုက်တော့နော်🥰🥰
လူသားတွေရဲ့အသက်ကိုကာကွယ်ဖို့ နဂါးမျိုးနွယ်စုရဲ့ ဒုတိယမင်းသားလေးဖြစ်တဲ့နင်းလျှိုယွေ့ဟာ မိုးခေါင်ခြင်းဆိုတဲ့သဘာဝကပ်ဆိုးကြီးအဆုံးသတ်ဖို့ တာဝန်ယူလိုက်တယ်
ဆိုးရွားလှတဲ့မိုးခေါင်ခြင်းကြောင့် မြစ်ချောင်းတွေနဲ့ပင်လယ်တွေက ခမ်းခြောက်ကုန်ပြီး လူတွေလည်း အလူးအလဲခံစားရတယ် သူလူ့ပြည်လာတဲ့ခရီးမှာတော့ တံငါရွာတစ်ရွာက မိန်းမပျိုလေးနဲ့ ချစ်ကျွမ်းဝင်သွားပြီး သူ့ရဲ့နဂါးအကြေးခွံကို နဂါးတိုင်းပြည်လာရင်သက်သေပြလို့ရအောင် အမှတ်သင်္ကေတအနေနဲ့ ပေးခဲ့တယ်
မိုးခေါင်မှုကြီးပြီးဆုံးခါနီးမှာတော့ အဲ့ညလယ်မှာ ကောင်မလေးထွက်ပြေးသွားတာကို နင်းလျှိုယွေ့ သိလိုက်ရတယ်။အဲ့ဒီကောင်မလေးကော သူ့ပေးခဲ့တဲ့နဂါးအကြေးခွံကိုပါ ဘယ်နေရာမှာမှရှာမတွေ့ခဲ့ဘူး သူလှည့်စားခံလိုက်ရတာသိသွားတော့ကောင်မလေးကို ကမ္ဘာမြေပြင်အနှံ့လိုက်ရှာခဲ့တယ် နဂါးအကြေးခွံမရှိဘဲ သူ့အိမ်ကိုပြန်လို့မရဘူးလေ...
နှစ်ငါးရာကြာပြီးနောက် လက်လျှော့ခါနီးမှာပဲ သူ့ရဲ့နဂါးအကြေးခွံကို အာရုံခံမိလာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကိုလိမ်လည်သွားခဲ့တဲ့အမျိုးသမီးနဲ့တူတဲ့ စုရင်းရင်းဆိုတဲ့အမျိုးသမီးငယိလေးပေါ်လာပြန်တော့ နဂါးမင်းသားလေးဘာဆက်လုပ်မလဲ အဲ့ဒီကောင်မလေးကိုသဘောကျသွားမလား စုရင်းရင်းကကော ဘယ်လိုလူမျိုးလဲ သူတို့နှစ်ယောက်ဘယ်လိုဆုံတွေ့ကြုံကြိုက်ကြမလဲ မင်းသားလေးကကော သူ့မျိုးနွယ်ဆီပြန်သွားနိုင်မလား ဆိုတာကိုတော့ "အဆုံးမဲ့သွန်းဖြိုးချစ်ခြင်းမိုး"မှာ ဆက်လက်ကြည့်ရှုပေးပါဦးနော်...🍇🍇