-
Movie Name
-
I Can't Afford A Maid! , Maid Escort (ချစ်ခရီးလမ်း) (2021)
-
Year
-
2021
-
Generes
-
Comedy, Historical, Romance
-
Code
-
SC0454
-
Type
-
Series
-
Size
-
5.33 GB
-
Country
-
China
-
Description
-
1-24 complete
ဒီတစ်ခေါက် ပရိသတ်တွေအတွက် "ချစ်ခရီးလမ်း "ဆိုတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို မိတ်ဆက်ပေးပါရစေ
ဇာတ်ကားလေးက ကိုယ်ရံတော်ဌာနက သခင်မလေးနဲ့ ယန်အိမ်တော်က သခင်လေးကြားက အခက်အခဲတွေနဲ့ ချစ်ခြင်းတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ကားလေး တစ်ကားပါ
"ယန်ရှောင်း"အဖြစ် soul ကတင်ဆက်ဖူးတဲ့ အဆုံးမဲ့သွန်းဖြိုးချစ်ခြင်းမိုးထဲက အားလုံးရဲ့အချစ်တော်နဂါးလေး "Wang Ran Ze "
"ယွဲ့ကျီယွမ်"အဖြစ် ကိုယ့်ရဲ့မဟေသီကားထဲက မင်းသမီးချောလေး "Jade Cheng "တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်
📽ဇာတ်လမ်းအညွှန်း📽
ရှန်ဝေကိုယ်ရံတော်ဌာနရဲ့ သခင်မလေး ယွဲ့ကျီယွမ်ဟာ ပိုင်အိမ်တော်ရဲ့ အငယ်ဆုံးသမီး ပိုင်ရင်ယော့ရဲ့မင်္ဂလာပွဲမတိုင်ခင်အထိ လိုက်ပါစောင့်ကြပ်ပေးဖို့ အမိန့်ပေးခံရပါတယ်
ယွဲ့ကျီယွမ်တစ်ယောက် ပိုင်ရင်ယော့ လက်ထပ်ဖို့ကို ကူညီရင်း သတို့သားက သူနဲ့မေတ္တာမျှနေတဲ့ ယန်ရှောင်းမှန်း သိလိုက်ရတဲ့အခါ
ယန်ရှောင်းနဲ့ပိုင်ရင်ယော့ လက်ထပ်ရမယ်ဆိုတဲ့အမိန့်ကြောင့်
ယွဲ့ကျီယွမ်အတွက် အခွင့်အရေးမရှိတော့ပေမဲ့လည်း~
ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်အသက်ဝင်အောင်ကြိုးစားဖို့နဲ့ သူတို့မိဘတွေရဲ့သေဆုံးမှု အဖြစ်မှန်ကို ရှာဖို့အတွက်
ယန်ရှောင်းနဲ့အတူ အန္တရာယ်များတဲ့ခရီးကို လျှောက်လှမ်းဖို့ သဘောတူလိုက်တဲ့အခါ...
သူတို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ...
ယန်ရှောင်းကရော ပိုင်ရင်ယော့နဲ့လက်ထပ်ဖြစ်မလား...
ဆိုတာကိုတော့ တင်ဆက်မဲ့ "ချစ်ခရီးလမ်း"ဆိုတဲ့ ဇာတ်ကားလေး မှာ စောင့်မျှော်ကြည့်ရှူကြရအောင်...