Movie Name
ရွှေအိမ်စံရဲ့ရင်ခုန်သံ (Wanida) (2010)
Year
2010
Generes
Comedy, Romance
Code
ST0453
Type
Series
Size
15.7 GB
Country
Thai
Description
1-29 Compeleted ရွှေအိမ်စံရဲ့ရင်ခုန်သံ" တို့ရိုတာ ခုခေတ်ကားတွေ လိုက်မမှီဘူး ချစ်တို့ရေ မြန်မာစာတန်းထိုး အကြည် အစ/အဆုံးနော် 😘 "ရွှေအိမ်စံရဲ့ ရင်ခုန်သံ" ဆိုတာကတော့လူကြီး လူငယ် မရွေးမသိတဲ့သူမရှိသလောက်ရှားတဲ့ထိုင်းဇာတ်လမ်းတွဲကြီးပေါ့ဗျာ .. ဟိုးလွန်ခဲ့တဲ့ ၈နှစ်လောက်က Channel 7 ကနေ ပထမဆုံးပြသခဲ့တဲ့ထိုင်းဇာတ်ကား ဖြစ်ပြီး Admin အပါအဝင်လူတိုင်းနီးပါးထိုင်းကားတွေကိုကြိုက်နှစ်သက်စပြုလာစေခဲ့တဲ့ဇာတ်ကားလေးပေါ့ .. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲကနေ ဒီကနေ့ထိတိုင် ရဗိုလ်ကြီးပရာဂျက်မဟာဆန် နဲ့ ဝနီဒါတို့ကို မမေ့သေးတဲ့သူတွေရှိကောင်းရှ်ိမှာပါ .. ဇာတ်လမ်းအကျဉ်းကတော့ အထူးတလည်ပြောနေဖို့မလိုပါဘူး .. မဟာဆန်မိသားစုကတော့ ဂုဏ်သိက္ခာကြီးမားပြီး ချမ်းသာ ကြွယ်ဝသလိုလိုနဲ့ တကယ်တမ်း အဆံမရှ်ိပဲ ဟန်ပဲရှိတဲ့မိသားစုပေါ့ .. ဝုန်ဝိဘွန် မိသားစုကတော့ ငွေတိုးချေးစားပြီး ကြွယ်ဝချမ်းသာနေတဲ့မိသားစုပါ .. မဟာဆန်မိသားစုက သခင်မကြီးရဲ့ သားအငယ်ဖြစ်သူက သူဌေးကြီး ဒေါင်ဝိဘွန် ဆီကနေ ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်ပဲထွက်ပြေးသွားခဲ့ပါတယ် .. အဲ့အခါမှာ သူဌေးကြီးကလည်း သူ့သမီးလေးဝနီဒါ ကို ဂုဏ်သိက္ခာရှိတဲ့ မျိုးရိုးကသားဖြစ်သူနဲ့ ထိမ်းမြားပေးပြီး အနာဂတ်ကောင်းစေချင်တာမို့ မဟာဆန်မိသားစုရဲ့ သားအကြီး ဗိုလ်ကြီးပရာဂျက် နဲ့အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတယ် .. ပရာဂျက်မှာကလည်း ဖိစမိုင်ဆိုတဲ့ ချစ်သူကောင်မလေးရှိနေပြီးသားပါ .. ဘာမှမသိပဲ အဖေဖြစ်သူရဲ့အတင်းအဓမ္မတိုက်တွန်းမှုကြောင့် လက်ထပ်လိုက်ရတဲ့ ဝနီဒါတစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲ ? မချစ်မနှစ်သက်ပဲ ဖိအားတွေကြောင့် လက်ထပ် လိုက်ရတဲ့သူတို့နှစ်ယောက် အချိန်တွေကြာလာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက်ခံစားချက်တွေ ရှိလာကြမလား ? အရမ်းကိုအောင်မြင်ခဲ့တဲ့ Old but Gold ဇာတ်လမ်းတွဲကြီးကို TSF ကနေ ဘာသာပြန်တင်ဆက်ပေး လိုက်ပါတယ် .. 1080 P Version လေးနဲ့ တဖန်စီးမျှော ခံစားလိုက်ကြရအောင် .. 💕