Movie Name
Snow Sword Stride (2021) (နှင်းမြူလယ်ကတုနှိုင်းမဲ့ဓားသမား)
Year
2021
Generes
Action, Fantasy, Historical
Code
SC0457
Type
Series
Size
12.9 GB
Country
China
Description
1-38 Compeleted Sword snow stride ကဲ ဒီတစ်ခါ CM ကနေဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ သိုင်းကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် Sword Snow Stride ဆိုတဲ့ နန်းတွင်းသိုင်းကားလေးပဲ ဖြစ်ပါတယ် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ⚔️Xu Fengnian အဖြစ် နာမည်ကြီးမင်းသား Zhang Ruoyun (Joy of life, Novoland: the castle in the sky) Xu Xiao အဖြစ် မင်းသားကြီး Hu Jun (Demi gods and Semi Devils ကားထဲက မင်းသားချောင်ဖုန်း) Jiang Ni အဖြစ် မင်းသမီးလေး Li Gengxi 🗡️Nangong Phushe အဖြစ် မင်းသမီးချော Zhang Tianai Chen Zhipao အဖြစ် နာမည်ကြီးမင်းသား Gao Weiguang(Three lives Three world :Pillow Book) တို့က ပါဝင်သရုပ်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင် ပေလျန် ရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ Xu Fengnian ဟာ ဖခင်ဖြစ်သူ Xu Xiao ရဲ့ မျှော်လင့်ချက်ဆန္ဒတွေကို ပုခုံးမှာထမ်းကာ သိုင်းလောကကို လှည့်လည်ရင်း သိုင်းပညာကို သိုင်းလောကအကျော်အမော်တွေဆီကနေ အပတ်တကုပ် ဆည်းပူးသင်ယူဖို့ ခရီးစဉ်ကိုစတင်ခဲ့ပါတယ် သူ့သိုင်းလောက ခရီးစဉ်ဟာ အင်မတန်မှ အတိုက်အခိုက် အတားအဆီးတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အသက်အန္တရာယ်နဲ့ မကြာခဏရင်ဆိုင်ခဲ့ရပါတယ် ဒါပေမယ့်လည်း Xu Fengnian ဟာ အခက်အခဲတွေကြားကနေ ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ် သိုင်းလောကထဲ ကျင်လည်ရင်း မိခင်အတွက် ကလဲ့စားချေဖို့ ကြိုးပမ်းခဲ့ပြီး သိုင်းလောကသားတွေကိုလည်း စုဆောင်းခဲ့ပါသေးတယ် တစ်ချိန်ထဲမှာပဲ ပေမန်ရဲ့ကျူး‌ကျော်စွက်ဖက်မှုတွေက အလယ်ပိုင်းမြေပြန့်ဒေသ ကို စစ်ရိပ်သန်းလာစေတာကြောင့် သိုင်းလောကထဲကျင်လည်ခဲ့တဲ့ Xu Fengnian ဟာ သံမဏိစစ်သည်တော်တွေကို ဦးဆောင်ပြီး စစ်ထွက်တိုက်ခဲ့ပါတော့တယ် အဆုံးသတ်မှ ာ Xu Fengnian ဟာ နန်းတွင်းမှာ ပဲ ဆက်လက်နေထိုင်သွားမှာလား ဒါမှမဟုတ် သိုင်းလောကမှာပဲ ပြန်ပြီး ကျင်လည်သွားမှာလား သူရဲကောင်းဖြစ်လာပြီဆိုမှတော့ ဘေးနားမှာ အဖော်ပြုပေးမယ့် မိန်းမလှလေးကရော ဘယ်သူဖြစ်မှာလဲ ပြီးတော့လည် းအမိုက်စားသိုင်းကွက်တွေကို ရှုစားခွင့်ရမှာဖြစ်တာကြောင့် သိုင်းကားပရိတ်သတ်‌တွေ အ‌ဖို့ အကြိုက်တွေ့‌စေမှာဖြစ်လို့ CM ကနေ မကြာခင်မှာ တင်ဆက်ပေးတော့မယ့် Sword Snow Stride ဆိုတဲ့ သိုင်း series လေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်