Movie Name
How I Fell In Love With A Gangster (2022)
Year
2022
Generes
Crime, Drama
Code
EN0855
Type
Movie
Size
1.67 GB
Country
Hollywood
Description
ဒီကား‌လေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့‌ကဆင်းရဲသားတွေအတွက်‌ တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာ‌တော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီး‌ကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။