Movie Name
Painting Code (2021)
Year
2021
Generes
Drama, Historical
Code
CN0220
Type
Movie
Size
602 MB
Country
China
Description
ရှေးဟောင်းအနုပညာနဲ့ပတ်သက်တဲ့ ဇာတ်အိမ်ကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် Soul က Chinese Painting Code (2021) ဆိုတဲ့ movie ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှေးဟောင်းအမွေအနှစ်တို့ဌာနေဝတ္ထုရဲ့အဆိုအရ ရှေးဟောင်းပစ္စည်းအရောင်းအဝယ်လောကမှာ အသက်သွေးကြောငါးခုလို့အမည်ရတဲ့ မိသားစုကြီးငါးခုဟာ ရှေးဟောင်းပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်လို့ လောကသားတို့ အကြွင်းမဲ့လက်ခံထားကြပါတယ် ဒီမိသားစုငါးခုထဲမှာမှ ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်ရင် အလုံးစုံထိုးထွင်းနှံ့စပ်သိရှိပြီး ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ပါရမီရှင်ကို ဒိဗ္ဗစက္ခုဇီးပန်းပွင့်လို့ခေါ်တွင်ကြပြီး ထိုမိသားစုငါးခုရဲ့ခေါင်းဆောင်ဖြစ်ရုံမက ရှေးဟောင်းပစ္စည်းလောကတစ်ခုရဲ့ဆရာတစ်ဆူဖြစ်လာမှာပါ အဲဒီအသက်သွေးကြောငါးခုကနေ သူတို့ရဲ့ပညာကို မျိုးဆက်အစဉ်အဆက်လက်ဆင့်ကမ်းရင်း ရွှီယွမ့်နဲ့ ယောက်ပုရန်တို့ လက်ထက်ရောက်တော့ မိသားစုတွေရဲ့အစဉ်အလာကို စိန်ခေါ်နိုင်လောက်တဲ့ပြဿနာတစ်ခုပေါ်လာပြီး ဂုဏ်သိက္ခာကို ဆယ်ယူနိုင်ဖို့အတွက် ရွှီယွမ့်ဟာ ဂန္တဝင်လက်ရာပန်းချီကားတစ်ချပ်ကို အစစ်ဖြစ်ကြောင်းသက်သေပြပေးဖို့ဖြစ်လာပါတယ် ပန်းချီကားနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကဘာတွေလဲ... လျှို့ဝှက်ချက်တွေနောက်လိုက်ရင်း ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ... ရွှီယွမ့်ကရော နောက်ဆုံးမျိုးဆက် ဒိဗ္ဗစက္ခုဇီးပန်းပွင့်ဖြစ်လာနိုင်မလားဆိုတာကို "ဂန္တဝင်လက်ရာတို့မည်သည်" ဇာတ်ကားမှာ ကြည့်ကြရအောင်...