Movie Name
Nothing But You ( မင်းမှလွဲ၍မရှိတော့ပါ )(2022)
Year
2022
Generes
Comedy, Romance
Code
SC0468
Type
Series
Size
7.06 GB
Country
China
Description
1-24 complete 𝐫𝐨 တာကြိုက်တဲ့သူတွေအတွက် အ 𝐫𝐨 တလိုင်း သီးသန့် ကားတွေကြည့်ရင်း လက်မလည်ဖြစ်နေပြီလား အခု လက်မလည်တာအပြင် မျက်စိတွေပါထပ်လည်ပြီး မျက်မှန်လေးတွေ တပ်သွားရအောင် ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် 😜 ဒီကားလေးကတော့ အမွှာညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို အခြေခံထားတဲ့ လူငယ်ဆန်ဆန် အချစ်ကားသစ်လေး "Nothing But You (2022)" (မင်းမှလွဲ၍ မရှိတော့ပါ) ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ကျန်းလီလီနဲ့ ပိရှောင်ရန်ဟာ တစ်အူထုံ့ဆင်း အမွှာညီအစ်မနှစ်ယောက်ပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် တစ်ယောက်ရဲ့နာမည်က အဖေ့ရဲ့မျိုးရိုးနာမည်နဲ့ ဖြစ်နေပြီး နောက်တစ်ယောက်ရဲ့နာမည်ကတော့ အမေ့ရဲ့မျိုးရိုးနာမည်နဲ့ ဖြစ်နေပါတယ်။ အစ်မဖြစ်သူ ရှောင်ရန်ဟာ ထူးချွန်တဲ့ ပရိုဂျူဆာတစ်ယောက် ဖြစ်သလောက် အငယ်မလေး လီလီကတော့ အချစ်၊ အိပ်မက် ဒါတွေလုံးဝမရှိတဲ့ ပေပေတေတေမလေး တစ်ယောက်ပေါ့။ အမွှာဆိုပေမဲ့လည်း အမူအကျင့်တွေရော နေထိုင်မှုပုံစံတွေပါ ကွဲပြားလွန်းတဲ့ သူတို့နှစ်ယောက် တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြုံတွေ့ပြီး လူစားလဲဖို့ အကြောင်းဖန်လာတဲ့အခါ.... ထူးချွန်လှတဲ့ အစ်မဖြစ်သူ ရှောင်ရန်နေရာမှာ အစားထိုးမဲ့ လီလီတစ်ယောက် ဘာပြဿနာတွေများ ကြုံတွေ့လာရမလဲ ?? ကျန်းလီလီဘဝမှာ အချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့သူကလေးက ပိရှောင်ရန်ဘဝရောက်တော့ရော အချစ်ကို ရှာဖွေတွေ့ရှိသွားမှာတဲ့လား? 🤔 အပိုင်း ၂၄ ပိုင်း ပါဝင်ထားတဲ့ ချစ်စရာ romance and comedy ကားသစ်လေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ချင်ရင်တော့ ဘာသာပြန်လက်ရာ အကောင်းမွန်ဆုံး၊ ရုပ်သံအရည်အသွေး အပြတ်သားဆုံး quality တွေနဲ့ တင်ဆက်ပေးနေတဲ့ dr.foneဆီကိုသာ လှမ်းလာခဲ့တော့နော် ❤️🤗