-
Movie Name
-
မာယာစွမ်းအား (Rerng Rita) (2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
ST0457
-
Type
-
Series
-
Size
-
14.2 GB
-
Country
-
Thai
-
Description
-
Casts : ဂျေနီ အဖြစ် Amy Amika Klinpratoom
ရဝီအဖြစ် Smart Krissada Pornweroj
နွန် အဖြစ် Lee Thanat Lowkhunsombat
ရိတာ အဖြစ်Grace Karnklao Duaysienklao
ဇာတ်လမ်းအကျဉ်း
အိမ်ထောင်သက်တမ်း သုံးနှစ်ရှိလာပေမဲ့ ကလေးမရနိုင်သေးတဲ့ဂျေနီ
ဇနီးဖြစ်သူက ကလေးမရသေးသည့်တိုင် အမြဲတမ်းနားလည်ချစ်နေပေးနေတဲ့ ရဝီ
လင်မယားနှစ်ယောက် ဘယ်လိုပဲချစ်ခင်နားလည်စွာနေနိုင်ကြပေမဲ့ မြေးတစ်ယောက်လောက်ချီချင်နေပြီဖြစ်တဲ့ ရဝီ့ မိခင်ရဲ့ ဖိအားပေးမှုတွေကို ရဝီ နဲ့ ဂျေနီတို့ရဲ့အိမ်ထောင်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှလာစေပါလဲ။
တဖြည်းဖြည်းနဲ့ ပြည့်စုံတဲ့မိသားစုလေးဘဝကိုမဖန်တီးပေးနိုင်ခဲ့တဲ့အတွက်လည်း ဂျေနီတစ်ယောက်သူ့ကိုသူအပြစ်ရှိတဲ့လူတစ်ယောက်လိုခံစားလာရပြီး သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဂယက်လှိုင်းတွေစထန်လာခဲ့တယ်။
ရိတာ ဆိုတဲ့အလွန်ချောမောတဲ့ မိန်းကလေးကိုချစ်တဲ့ နွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။
နွန်ဟာ ရိတာကိုဘယ်လောက်ထိချစ်သလဲဆို ရိတာလုပ်ထားတဲ့ဘယ်လိုအမှားဖြစ်ပါစေ ခွင့်လွှတ်ပြီးနားလည်လက်ခံပေးမဲ့ချစ်သူကောင်းတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကြားမှာ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခုကလည်းတိုက်ဆိုင်စွာရောက်ရှိလို့လာခဲ့တယ်။
တိုက်ဆိုင်စွာပဲ ဂျေနီဟာ ရိတာ ဆိုတဲ့သူမရဲ့မိန်းကလေးငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံခဲ့တယ်။ ငယ်သူငယ်ချင်းဖြစ်တာကြောင့် သူ့အိမ်ထောင်ရေးအခက်အခဲကို ရိတာကိုပြောပြပြီးအကူအညီတစ်ခုတောင်းခဲ့တယ်။
သူ့ကိုယ်စား ကိုယ်ဝန်ဆောင်ပေးဖို့ ။ ဇနီးမယားတစ်ယောက်အနေနဲ့ တခြားအမျိုးသမီးတစ်ယောက်ကို သူ့ကိုယ်စားသူ့ခင်ပွန်းရဲ့ ရင်သွေးကိုလွယ်ပေးဖို့တောင်းဆိုမှုဟာ ဘယ်လောက်ထိခက်ခဲပင်ပန်းစေမလဲ။
ရိတာဟာ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ အခက်အခဲကိုအသာတကြည်လိုက်လျောကူညီလိုက်တဲ့ နောက်ကွယ်ကဖြစ်ရပ်တွေရော ဘာအကြောင်းတွေဖြစ်နေမလဲ။
ဒီလိုနောက်ကွယ်ကအကြောင်းတွေကို သိလာတဲ့ ဂျေနီကရော ရိတာအပေါ်မှာ ဘယ်လိုတုံ့ပြန်လာမလဲ။
ခင်ပွန်းဖြစ်သူ ရဝီကရော ဇနီးဖြစ်သူ နဲ့ သူ့မျိုးဆက်ကိုလွယ်ထားနိုင်သူ ဂျေနီအပေါ် ဘယ်ဘက်ကိုပိုပြီးအလေးသာယိမ်းထိုးနေမလဲ။
ရိတာတစ်ယောက် ကိုယ်ဝန်အငှားဆောင်သူဘဝကနေ မိဖုရားခေါင်ကြီးနေရာကို လှမ်းပြီးစိတ်ကူးယဉ်တဲ့အခါ အကျိုးဆက်ကဘာတွေဖြစ်လာမလဲ။
ရိတာရဲ့ ဒီလိုလုပ်ရပ်အခြေအနေတွေအတွက် ရိတာဘာဖြစ်ဖြစ် ချစ်နေပါ့မယ်ဆိုတဲ့ နွန်တစ်ယောက်ကရော ရိတာအပေါ် ဘယ်လိုဆက်ပြီးသဘေားထားနိုင်ပါ့မလဲ။
သူတို့လေးဦးရဲ့ မာယာစွမ်းအား တွေဟာ ဘယ်သူကဘယ်သူ့အပေါ်လွှမ်းမိုးနိုင်စားသွားမလဲဆိုတာ မကြာခင် ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။