-
Movie Name
-
Rusty Blade (2022)
-
Year
-
2022
-
Generes
-
Action, Drama
-
Code
-
CN0221
-
Type
-
Movie
-
Size
-
500 MB
-
Country
-
China
-
Description
-
ဓါးနဲ့အသက်မွေးလမ်းကြောင်းလုပ်ဖို့ ရွေးချယ်ပြီးရင် အဲ့ဒီဓါးကိုလုံးဝလွှတ်ချလို့မရတော့ဘူး” တဲ့
သူ့ဆရာကပြောဖူးတယ်။ သူစဉ်းစားမိတယ် ဓါးကိုလွှတ်ချလို့မရတာမဟုတ်ပါဘူး.. လွှတ်ချခွင့်မရှိတော့တာပါ။
စားဝတ်နေရေးကြပ်တည်းတဲ့နေ့ရက်တွေကို ဓါးသမားမပြောနဲ့ သာမာန်လူလည်းမခံနိုင်ပါဘူး။
နေမကောင်းဖြစ်နေတဲ့ဇနီးနဲ့ လူမမည်သမီးတစ်ယောက်ရှိနေတဲ့အိမ်ဆို ပိုဆိုးတာပေါ့။
အမျိုးသမီးကတော့ ပြောရှာပါတယ်။ ခက်ခဲတဲ့နေ့ရက်တွေကို ရင်ဆိုင်နိုင်ပေမယ့်
ကျွန်မတို့နဲ့မသက်ဆိုင်တဲ့ပိုက်ဆံတွေကိုတော့ မယူလာပါနဲ့တဲ့။
ဆယ်နှစ်တာအချိန်တွေကို နယ်စပ်မှာကုန်လွန်ရင်း ဓါးကိုလည်းမြေမြှုပ်လိုက်ပါပြီ။
သူငယ်ချင်းတွေလည်း အရာရှိဖြစ်သွားပြီ။ ဒါပေမဲ့ လွှတ်ချထားလိုက်မိတဲ့ဓါးရဲ့အတိတ်က
ပစ္စုပ္ပန်အထိလိုက်နှောင့်ယှက်လာတော့….. ကျွန်တော်ပြောသားပဲ “ဓါးကိုလွှတ်ချခွင့်မရှိတာပါလို့”….
ဓါးသမားတစ်ယောက်ရဲ့ ခံစားချက်၊ သစ္စာတရားနဲ့မေတ္တာတရားတို့ကို အဓိကထားရိုက်ကူးထားတဲ့
ကားလေးဖြစ်တာမို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးဗျာ…