Movie Name
Aranyak (2021)
Year
2021
Generes
Crime, Drama
Code
SIND0016
Type
Series
Size
3.38 GB
Country
Bollywood
Description
1-8 Compeleted ဒီSeriesလေးကတော့ Netflix က အသစ်ထွက်လာတဲ့ အိန္ဒိယ Police Drama Seriesလေးပဲ ဖြစ်ပါတယ် Police Drama ဆိုပေမယ့် နိုင်ငံရေးအရှုပ်အထွေးများကိုပါ ပဟေဠိဆန်ဆန်ထည့်ထားတဲ့အတွက် လူဆိုးက ထွက်ပြေး ရဲကလိုက်ဖမ်းအခန်းတွေပဲ မဟုတ်ဘဲ ဘာဖြစ်မလဲ ကြိုခန့်မှန်းရမယ့် ဇာတ်ကွက်တွေ တရားခံဘယ်သူလဲ စဥ်းစားရမယ့် မြှပ်ကွက်တွေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ IMDb rating ကလည်း 8.2 ဇာတ်လမ်းပုံစံကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ် စိီရိုရာ ဆိုတဲ့ ကျေးလက်တောင်တန်းဒေသလေးရဲ့ တောထဲမှာ ၂၀၀၀ ခုနှစ်တုန်းက မိန်းမ ကိုးယောက်ဟာ မုဒိန်းကျင့်ခံရပြီး သစ်ပင်တွေမှာ ဆွဲကြိုးချချိတ်ဆွဲခံခဲ့ရပါတယ် သူတို့ ခန္ဓာကိုယ်တွေမှာလည်း ကျားသစ်လက်သည်းရာတွေနဲ့အပြည့်ပါပဲ ထိုအချိန်ကတည်းက စီရိုရာမြို့မှာ ကျားသစ်လူသားက သူတို့ကို သတ်သွားတာဆိုတဲ့ ကောလဟာလဟာ ပျံ့နှံ့နေခဲ့တာပါ မျက်မှောက်ခေတ် – ကတ်ဆူရီ ဒိုဂရာဆိုတဲ့ ရဲမေဟာ သူ့မိသားစုကို အချိန်ပေးနိုင်ဖို့ စခန်းမှူးဘဝကနေ တစ်နှစ်လောက် ခွင့်ယူဖို့လုပ်နေသူပါ သူ့အလုပ်ကနေ ခွင့်ယူမယ့် နောက်ဆုံးရက်မှာ သူ့နေရာကိုအစားဝင်နေမယ့် အန်ဂတ် မာလစ်ကို တွေ့လိုက်ရချိန်မှာတော့ သူ့လိုမျိုး ဒီဒေသရဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့ သံသယဖြစ်လာပါတော့တယ် အဲ့လိုနဲ့ အိန္ဒိယကို အလည်လာတဲ့ ပြင်သစ်နိုင်ငံသူ ဂျူလီ ဘတ်ပ်တစ် က သူမရဲ့ ၁၉နှစ်သမီးလေးက ပျောက်နေကြောင်း ရဲစခန်းကို လာတိုင်တဲ့အချိန်မှာတော့ သူ့သံသယတွေဟာ ပိုခိုင်မာသွားပါတော့တယ် တစ်နေ့ ကတ်ဆူရာနဲ့ သူမရဲ့ယောက္ခထီး ဖြစ်သူဟာ သစ်ပင်တစ်ပင်မှာ ၁၉နှစ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို ချိတ်ဆွဲထားတာ တွေ့လိုက်ရချိန်မှာတော့……