Movie Name
Inspiring Generation
Year
2014
Generes
Action, Crime, Drama
Code
SKR0219
Type
Series
Size
11.4 GB
Country
Korea
Description
ကိုရီးယားကားဆိုလို့ရှိရင် ချစ်သူရည်းစားအချင်းချင်း သာယာ ကြည်နူးနေတာကို ၁၆ ပိုင်းလောက် ရိုက်ပြထားတာကို သရေတမြားမြားနဲ့ ထိုင်ကြည့်နေရတာထက် ဒီလိုဇာတ်ကားမျိုးတွေကို ကြည့်ရတာ ပိုသဘောကျတယ်ဗျ … ဒီဇာတ်ကားလေးက 1985 ကနေ 1988 နှစ်အထိ ထုတ်ဝေဖြန့်ချေခဲ့တယ့် ဆရာ Bang Hak-gi ရဲ့ Manhwa ကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် … ဘတ်ဂျက်စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ မီလီယမ် အကုန်ကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုလဲ ဖြစ်ပါတယ် … အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ – Boys Over Flower ( F4 ) ဇာတ်လမ်းတွဲထဲမှာ လူသိများပြီး မိန်းကလေးတွေ အသဲစွဲဖြစ်ရတဲ့ ယွန်းဂျီဟို ( Kim Hyun-joong ) … ( F4 ထဲမှာ နွဲ့နွဲ့နောင်းနောင်းနဲ့ ဂျီဟို ကို ဒီဇာတ်ကားထဲမှာ လူမြင်တာနဲ့ ချမယ်ဆိုတဲ့ ရှင်ဂျောင်တေးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ် ) Doctor Stranger , High-End Crush , Flowers of the Prison နှင့် ယခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ Ongoing Series တစ်ခုဖြစ်တဲ့ Grand Prince စသည်ဖြင့် နာမည်ကြီး Series တွေမှာပါဝင်ခဲ့တဲ့ မင်းသမီး Jin Se-yeon … နာမည်ကြီး Action TV Series တစ်ခုဖြစ်တဲ့ Iris ဇာတ်လမ်းတွဲမှာ ကင်ယွန်းဟာ အဖြစ် သရုပ်ဆာင်ခဲ့တယ့် Im Soo-Hyang … အစရှိတဲ့ နာမည်ကြီး သုံးယောက်က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ် … သူတို့တင်မကသေးပဲ – Moon Embracing Sun , Two Weeks , Goodbye Mr.Black အစရှိတဲ့ ဇာတ်လမ်းတွဲများမှာ supporting role အဖြစ် ပါဝင်ခဲ့တဲ့ Song Jae-rim … Marry Me , Mary ! , Who are you ? အစ ရှိတဲ့ ဇာတ်လမ်းတွဲများမှာ supporting role အဖြစ်ပါဝင်ခဲ့တဲ့ Kim Jae-wook စသည့် supporting role မှာလဲ နာမည်ကြီး မင်းသား မင်းသမီးတွေအပြင် အခြားသော နာမည်ကြီး မင်းသား မင်းသမီးတွေလည်း များစွာပါဝင်ထားပါတယ် … ဇာတ်လမ်းပုံစံလေးကတော့ 1930 ပြည့်နှစ်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင် ကြိုးပမ်းလျှက်ရှိတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ် … ဂျပန်တွေဟာ ကိုရီးယား နဲ့ တရုတ် ကို သိမ်းယူနိုင်ခဲ့ပါတယ် … အဲ့အချိန်မှာ လွတ်လပ်ရေးရအောင် ပြန်လည် ကြိုးပမ်းတဲ့ ရှင်းဂျောင်တေး ( Kim Hyun-Jong ) ရဲ့ အကြောင်းပေါ့ …. ရှင်းဂျောင်တေး ရဲ့ ချစ်ရသောသူက ဂျပန် နိုင်ငံရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီဂွတ်ဟော ရဲ့ မင်းသမီးလေး ဖြစ်သူ ဂါယာ ( Im Soo-hyang ) …. ရှင်းဂျောင်တေး ကို ငယ်စဉ်ဘဝတည်းက တစ်ဖက်သတ်လိုက်ကြိုက်နေတဲ့ ကင်အုတ်ရွန် ( Jin Se-yeon ) … ကင်အုတ်ရွန် ကို တစ်ဖက်သတ်ကြိုက်တဲ့ ကင်ဆိုးအွတ် ( Kim Jae-wook ) … စသည့် လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း … တရုတ်ပြည်မှ ကွန်ဖူးကျွမ်းကျင်သူအဖြစ် မိုအဲဟွာ ( Song Jae-rim ) … အီဂွတ်ဟောရဲ့ မင်းသမီးလေးဖြစ်သူ ဂါယာ ရဲ့ ကိုယ်ရံတော် တစ်ယောက်ဖြစ် ဆာမူရိုင်း ရှိနိချိ ( Choi Cheol-ho ) … စသည်ဖြင့် အက်ရှင် ဇာတ်ဝင်ခန်းများကို ဖောဖောသီသီကြည့်ရှုရမှာပဲ ဖြစ်ပါတယ် … Action အသားပေးထားပြီး Drama , Romance ကို ပါးပါးလေးပုတ်ထားတာကြောင့် အချစ်ဇာတ်လမ်းတွေကို ရိုးအီနေသူများအတွက်တော့ အတော်လေးအဆင်ပြေမယ့် ဇာတ်ကားပါ … Rating အရလည်း IMDb မှာ 7.8/10 နှင့် AsianWiki မှာ 92% ရရှိထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ … သင်္ကြန်ပိတ်ရက်တွေထဲမှာ တစ်ရက်ကို နှစ်ပိုင်းနဲ့ တင်ပေးသွားပါ့မယ် … ( ဘယ်အချိန်ဖြစ်မလဲကတော့ မသိသေးဘူးပေါ့နော် … ကိုယ်လျှောက်ကမျင်းပြီး ပြန်လာမှ တင်ပေးလို့ရမှာမို့လေ :3 ) ကဲ …. ခံစားကြည့်ရှုလိုက်ကြရအောင်နော် …