Movie Name
Single’s Inferno (2021) (TV Show)
Year
2021
Generes
Documentary, Romance
Code
SKR0572
Type
Series
Size
4.87 GB
Country
Korea
Description
Single Inferno (2021) Squid Game ကြောင့် ကမ္ဘာတစ်၀န်းမှာ အောင်မြင်မှုရခဲ့တဲ့ Netflix ဟာ K-Wave အ​ကြောင်း ကောင်း​ကောင်း နားလည်သွားပြီမို့ Korean Project မြောက်များစွာကို ကြေညာခဲ့ပါတယ်။ အဲ့ထဲမှာ Single Inferno ဆိုတဲ့ Variety Show လည်း အပါအ၀င်ဖြစ်ပါတယ်။ Too hot to handle ကြည့်ဖူးတဲ့လူ​တွေက​တော့ ဒီ Show လေးနဲ့ စိမ်း​နေမှာ မဟုတ်ပါဘူး ဘာလို့လဲဆို​တော့ သ​ဘောတရားက အတူတူပဲမို့လို့ပါ။ လန်းလှပါချည်ရဲ့ဆိုတဲ့ လူ​ချောလူ​​ဖြောင့်​တွေကို လူသူမရှိတဲ့ကျွန်း​ပေါ်မှာ အတူစု​​နေခိုင်းပြီး အချစ်စစ်ကိုရှာ​ဖွေခိုင်းမှာဖြစ်ပါတယ်။ ဒါ​ပေမဲ့လည်း စည်းမျဥ်းစည်းကမ်း​တွေ​ချမှတ်ထားတာမို့ ပွဲကြမ်းချင်တိုင်းကြမ်းလို့တော့ မရပါဘူး။ နောက်ထပ် စိတ်၀င်စားစရာအချက်က ဒီရှိုးကို မမ Lee Da Hee နဲ့ Super Junior အဖွဲ့ဝင် KyuHyun တို့ Main host အဖြစ် တာ၀န်ယူရိုက်ကူးခဲ့တာမို့ အ​တော့်ကိုလန်းနေမှာပါ။ ကိုရီးယား Variety လောကမှာ ဒီလိုရှိုးမျိုးက ရှားမှရှားဖြစ်တဲ့အတွက် နာမည်ကြီးဦးမှာ အ​သေအ​ချာပါပဲ။ မြင်ရလွန်းလို့ရိုး​နေပြီဖြစ်တဲ့ အ​နောက်တိုင်းသား​တွေရဲ့ ခန္ဓာကိုယ်အဖုအထစ်​တွေကို မကြည့်ချင်​တော့ဘဲ ဖြူဖြူ​သွယ်သွယ် ကိုရီးယားမ​လေး​တွေနဲ့ အိုပါး​ချော​ချော​လေး​တွေကို မျက်စိအစာ​ကျွေးချင်တယ်ဆိုရင်​တော့ စုစု​ပေါင်း (၈)ပိုင်းပါ၀င်တဲ့ Single Inferno ကို 18 ရက်​နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး အပတ်စဥ် စ​နေနေ့တိုင်း Channelmyanmar မှာ တင်ဆက်​ပေးမှာမို့ လာ​ရောက်ကြည့်ရှုကြဖို့ ဖိတ်​ခေါ်လိုက်ရပါတယ်။