-
Movie Name
-
The Legend Of Hao Lan (ဒဏ္ဍာရီထဲကချစ်ပန်းမာယာ)
-
Year
-
2019
-
Generes
-
Drama, Historical, Romance
-
Code
-
SC0470
-
Type
-
Series
-
Size
-
10.4 GB
-
Country
-
China
-
Description
-
1-62 Compeleted
ဒီကားက The King's woman ဇာတ်ကားရဲ့ မင်းကြီး ရင်ကျန်း (Zhang Bin Bin)ရဲ့ မိခင်ရဲ့ ဇာတ်ကို ရိုက်ထားတာပါ ။ နန်းတွင်းကား နှစ်သက်သူတိုင်း လက်မလွှတ်
သင့်တဲ့ကားကောင်းလေးဖြစ်ပါတယ် ။
တရုတ်နိုင်ငံ မဟာတံတိုင်းကြီးကို စတင်တည်ဆောက်ခဲ့တဲ့ ဘုရင် (ရင်ကျန်း) ရဲ့ မိခင် ဇာတ်ပါ ။ သမိုင်းစစ်စစ်ကို ရိုက်ကူးထားတာပါ ။
ကျောက်နိုင်ငံ အမတ်ကြီးရဲ့ တရားမဝင်သမီးဖြစ်ပြီး ချစ်ရသူနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းသွားချင်တဲ့ မိန်းကလေး လီဟောက်လန်
သူ့ချစ်သူက သူ့အာဏာအတွက် လီဟောက်လန်ကို မရွေးဘဲ တခြားမိန်းကလေးနဲ့ လက်ထပ်လိုက်ပါတယ်
ဒါ့အပြင် မိထွေးရဲ့ လုပ်ကြံမှုကြောင့် အိမ်တော်ကနေ မောင်းထုတ်ခံရပြီး ကျွန်အဖြစ် ရောင်းစားခံရရာမှ ကုန်သည်သူဌေးတစ်ယောက်ထံ ရောက်သွားပါတယ်
အဲ့သူဌေးရဲ့ အထောက်အပံ့ကြောင့် နန်းတော်ထဲမှာ ကချေသည် ဖြစ်လာခဲ့ပါတယ် လောဂဓံလှိုင်းကြမ်းတွေကြောင့် ဖြူစင်ရိုးသားတဲ့ မိန်းကလေးက ရဲရင့်ထက်မြက်သူ ဖြစ်လာခဲ့ပြီး နန်းတွင်း အရှုပ်တော်ပုံတွေကြား မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်
ရှေ့ဆက်ပြီး ဘယ်လိုအကြောင်းတွေကြောင့် ကျောက်နိုင်ငံ ကနေ ချင်နိုင်ငံကို ရောက်လာမလဲ
ဘယ်လိုဖြစ်ပြီး ချင်နိုင်ငံရဲ့ မိဖုရားကြီး ဖြစ်လာမလဲ
သားတော် ရင်ကျန်းကို ဘယ်လိုပြုစုပျိုးထောင်ပေးလဲ
သားတော် ရင်ကျန်း နန်းတက်ချိန်မှာ အသက် (၁၃)နှစ်သာရှိသေးတာကြောင့် အမတ်ကြီး လွီပုဝေရဲ့ထိန်းကျောင်းမှုကို ခံရပါတယ်
အရွယ်ရောက်လာပြီးနောက် အမတ်ကြီး ထိန်းချုပ်မှု အောက်က လွတ်မြောက်ဖို့ မယ်တော် ဖြစ်တဲ့
လီဟောက်လန်က ဉာဏ်နီဉာဏ်နက် ဆင်ပြီး အမတ်ကြီးကို ဖယ်ရှားပေးလိုက်ပါတယ်
ဒါပေမယ့် သူ့ရဲ့ အနစ်နာခံမှုဟာ သားတော်ကို အထင်လွဲစေပြီး နန်းပြင်မှာ အကျယ်ချုပ်ဘဝနဲ့ ဘဝနိဂုံးချုပ်ခဲ့ရပါတယ်
မိခင်ရဲ့ အနစ်နာခံ ပံ့ပိုးမှုကြောင့် ရင်ကျန်းဟာ ထီးနန်းနဲ့အာဏာကို အပြည့်အဝ ပိုင်ဆိုင်ခဲ့ရပြီးအစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ ခြောက်ပြည်ထောင်ကို ပြန်လည် စုစည်းနိုင်ခဲ့ပါတယ်
ရင်ကျန်းက ရာဇဝင်မှာ အရမ်း သွေးအေးပြီး ရက်စက်တဲ့ ဉာဏ်နီဉာဏ်နက်များလွန်းတဲ့ သံသယကြီးလွန်းတဲ့ ဘုရင်ပါတဲ့