Movie Name
ILJIMAE
Year
2008
Generes
Action, Drama, Historical
Code
SKR0220
Type
Series
Size
9.71 GB
Country
Korea
Description
၁၆၃၃ခုနှစ်ဝန်းကျင် ဂျိုဆွန်းခေတ် လီဂျီယွန်းသည် အမတ်လီဝန်းဟို၏သားဖြစ်သည်။လီဝန်းဟိုသည် ဘုရင်၏စိတ်ချအားထားရသူဖြစ်ကာ ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့ဝင်ဖြစ်သည်။မျက်မမြင်ရှေးဖြစ်ဟောဆရာ၏ပြောချက်အရ သူ့အိမ်တွင်အနာဂတ်ခေါင်းဆောင်ကိုတွေ့ရကြောင်းဘုရင်သိလျှင် သူ့ကိုသတ်စေခဲ့သည်။သူ့သားကိုဘီရိုအတွင်းပုန်းနေစေရာ လီဂျီဟွန်းသည် ဘီရိုအပေါက်မှတစ်ဆင့်သူ့အဖေကိုသတ်သူ၏ဓါးပေါမှတံဆိပ်ကိုတွေ့လိုက်သည်။သူ့အမေနှင့်အိမ်ရှိလူများဖမ်းခံရသော်လည်းသူမှာလွတ်မြောက်သွားသည်။သူ့အမေမှာသူ့သားအားလွတ်စေလို၍သားမဟုတ်ကြောင်းသက်သေပြရန်သူ့အားခဲနှင့်ပေါက်ရာစေမှလီဂျီဟွန်းသည် အကြောင်းကြောင်းကြောင့် အတိတ်မေ့သွားသည်။သူ့အားသူခိုးဟောင်း ဆိုးဒယ်မှ"ယန်း"ဟုအမည်ပေးကာမွေးစားခဲ့သည်။၁၃နှစ်အကြာတွင်မှတ်ဉာဏ်ပြန်ရလာပြီး သူ၏အမကိုလိုက်ရှာသည်။ သူ့အမကိုထောင်ချ၍သတ်လိုက်ခြင်းသည် သူ့အားဂလဲ့စားချေရန်တွန်းအားပေးလာသည်။ဓါးပေါမှတံဆိပ်ကိုမှတ်မိ၍ပြန်ရှာကာဂလဲ့စားချေရန် လိုက်ရှာရင်း သူ့ကိုယ်သူ အနက်ရောင်ဝတ်စုံဖြင့် အီဂျီမဲအဖြစ်လှုပ်ရှားခဲ့သည်။ထိုသို့လှုပ်ရှားရာတွင် ချင်ဝူးဟိုးလျှို့ဝှက်အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်း၏အိမ်ကိုဝင်ဖောက်ခဲ့သည်။မတရားမှုခံရသူများကိုကူညီခြင်းဖြင့်နာမည်ကြီးလာသည်။လုယက်မှုတစ်ခုပြီးတိုင်း ချယ်ရီပန်းပွင့်ပုံ လက်ကိုင်ပုဝါကိုချန်ခဲ့သည်။ထိုပုံမှာငယ်စဉ်ကနေခဲ့သောအိမ်တော်ရှိချယ်ရီပင်နှင့်သူ့အဖေရေးဆွဲခဲ့သောပန်းချီဖြစ်သည်။အီဂျီမဲဆိုသည်မှာ တစ်ကိုင်းတည်းရှိသောချယ်ရီပင် ဖြစ်သည်။နောက်ူးတွင်သူ့အဖေကိုသတ်သူမှာဘုရင်ကြီးဖြစ်ကြောင်းသိလိုက်ရသည်။