Movie Name
Master! Wait A Moment(အတွဲညီတဲ့ရဲညီနောင်) (2021)
Year
2021
Generes
Comedy, Thriller
Code
SC0472
Type
Series
Size
7.87 GB
Country
China
Description
1-26 complete ဇာတ်လမ်းတွဲလေးမှာ အပိုင်း(၂၆)ပိုင်းပါဝင်မှာဖြစ်ပြီး မင်းသားကတော့ မမျှော်လင့်ပဲချစ်သွားပြီ (Dating in the kitchen) ထဲက ကိုရေခဲတုန်းကြီးပါ။ နောက်ထပ်မင်းသားကလည်း ချစ်စရာအရမ်းကောင်းတဲ့ ရဲသေးသေးလေးပါ။Bromance မလို့ ဂျင်းအချိုတွေ စားရမှာပါနော်။ C ဘက်မှာလည်း အရမ်းHotဖြစ်တဲ့ ကားလေးမလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ သိတဲ့အတိုင်း စုံထောက်ကားဆိုတော့ ရဲတွေပါတယ်‌ပေါ့။ ဇာတ်လမ်းအစကတော့ ဒီလိုပါ။ ရဲတပ်သားတစ်ယောက်က ရဲတပ်ဖွဲ့ခေါင်းဆောင်ကို မတိုင်ပင်ဘဲ သူ့ဘာသာ လျို့ဝှက်စုံစမ်းစစ်ဆေးတာကနေ အဖွဲ့အတွင်း နားလည်မှုတွေလွဲပြီး အဖွဲ့တွေကွဲ၊ အချင်းချင်း ရန်ပြန်သတ်နေကြပါလေရော။ကြောင်နဲ့ကြွက်တွေလိုပဲ။ မတည့်အတူနေဖြစ်သွားတာ။ ရွှီဝူရှန်းဆိုတာက အသက်သုံးဆယ်အရွယ် လူငယ်စုံထောက်တစ်ယောက်ဖြစ်ပြီး စွေးချန် မှုခင်းတိုက်ဖျက်ရေးဌာနမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်။ သမာသမတ်ကျပြီး စည်းကမ်းကြီးတဲ့ သူက ပစ်မှတ်ကိုလည်း အလွတ်မပေးဘဲ မရရအောင် လိုက်တတ်တာကြောင့် ဌာနမှာ နာမည်ကြီးပါတယ်။ တစ်ဖက်မှာလည်း ဝမ်သာ့ယွီဟာ အလုပ်ကို ကြိုးစားလုပ်ကိုင်နေပေမဲ့ထင်သလောက် အလုပ်မဖြစ်ဘူးဖြစ်နေတယ်။သူက စာအုပ်ကြီးအတိုင်းပဲ အလုပ်လုပ်ပေမဲ့ သူ့အတွင်းစိတ်ကတော့ နူးညံ့တယ်။ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ rkတစ်ယောက်ဖြစ်တဲ့သူက သူ့ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းကို အမွေဆက်ခံပြီး မပူမပင် နေလို့ရပေမဲ့ သူကတော့ ပြည်သူ့ဝန်ထမ်း ဘဝကို ရွေးချယ်ခဲ့ပါတယ်။ ဒုစရိုက်သမားတွေနဲ့ တိုက်ခိုက်ရတဲ့အခါ ဆရာရွှီက သူ့တပည့်လေး သာ့ယွီကို ဘယ်လိုတွေ ကူညီပြီး ကိုယ်ဖိရင်ဖိသင်ကြားပေးမလဲဆိုတာကိုပါ တစ်ပါတည်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဆရာတပည့်နှစ်ယောက် ကျားက သားကောင်ကိုတွေ့သလိုမျိုး မကောင်းမှုကို တိုက်ဖျက်ဖို့ ကြိုးစားကြတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲပေါ့။ဆရာတပည့်နှစ်ယောက်ကလည်း အချိုတွေ ပစ်ကျွေးမှာဆိုတော့ ရိုရို ချိူချိုလေး ကြည့်ရမဲ့ Bromance ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။