Movie Name
ယုဇနပန်းလေးရဲ့ အတိတ်ပုံပြင် (Dok Kaew ) (2011)
Year
2011
Generes
Drama, Romance
Code
ST0462
Type
Series
Size
17.5 GB
Country
Thai
Description
1-16 Compeleted 2011ခုနှစ်တုန်းက Ch 7ရုပ်သံလိုင်းမှာထုတ်လွှင့် ပြသခဲ့သော ပရိတ်သတ်တိို့ရဲ့ အချစ်တော်.. Davikaရဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးပါမယ်.. ရာချန် အဖြစ် Win Tawin Yavapolkul ကဲ့ရောက် အဖြစ် Mai Davika Hoorne ဇာတ်လမ်းအကျဥ်းကတော့ တော်ဝင်မိသားစုအမွေဆက်ခံသူတစ်ဦးဖြစ်တဲ့စစ်ဝုန်းဆာဟာ သဘာဝအလှတရားကြိုက်နှစ်သက်သူ တောထဲလည်ပတ်တာနှစ်သက်တဲ့လူ တစ်ယောက်ပါ .. တောထဲလည်ပတ်ရင်းနဲ့ ကင်ဆိုတဲ့ တောသူမလေးကို တွေ့တွေ့ချင်းကြိုက်နှစ်သက်သွားပါတယ် တောထဲကနေမပြန်ခင် ကင်ကကိုယ်ဝန်ရသွားပြီး.. စဝ်ဝုန်းဆာက ငှက်ဖျားရောဂါကြောင့် ကင်နဲ့ကိုယ်ဝန်ရတယ်ဆိုတာ မသိရပဲအမြန်ပြန်သွားလိုက်ရပါတယ် နန်းတော်အတွင်းပြန်သွားပြီးတဲ့နောက် နန်းတွင်းရှေ့နေလုံမနူနဲ့ စဝ်ဖုရားရဲ့ နောက်မိန်းမ မယ်ချွယ့်နဲ့က ဖောက်ပြန်တာကိုသိရတဲ့အချိန်မှာပဲ အသတ်ခံရပြီး ကင်နဲ့သူ့ရဲ့အကို မုဆိုးဝတ်က စဝ်ဖုရားကိုသတ်တယ်ဆိုပြီး စွပ်စွဲခံလိုက်ရပါတယ်... မုဆိုးဝတ်သိသွားပြီး ကင်နဲ့ သူ့ကလေးကိုထွက်ပြေးခိုင်းပါတယ် အဖမ်းမခံရဖို့ ကင်တစ်ယောက်ကလေးနဲ့ ထွက်ပြေးရင်း ဓားပြအဖွဲ့ နဲ့တွေ့ပြီး အကူအညီရခဲ့ပါတယ် .. နှစ်အတော်ကြာပြီးနောက် တောထဲမှာကြီးပြင်းလာရတဲ့ ကဲ့ရောက်လေးက လူဆိုးတစ်စုကရန်ပြုရင်း.. တောထဲအလည်လာပတ်သူ ရာချန်က ကယ်တင်ပေးခဲ့ပါတယ် ရာချန်တစ်ယောက် ကဲ့ရောက်ကိုမြင်မြင်ချင်းချစ်ကြိုက်မိသွားခဲ့ပါတယ် ... ကဲ့ရောက်တစ်ယောက် အဖေဖြစ်သူရဲ့အကြောင်းကိုသိချင်လို့ အမေဖြစ်သူကိုမေးကြည့်ရာ အကြောင်းစုံသိပြီး သူ့အဖေအသတ်ခံရတယ်ဆိုတာသိပြီးတဲ့နောက်မှာ သူ့အဖေကိုသတ်ခဲ့တဲ့လူကိုကလဲ့စားချေဖို့ ဘန်ကောက်မြို့ကိုတက်ခဲ့ပါတယ်... ကံကောင်းတာက ဖအေတူမအေကွဲ မောင်နှမဖြစ်တဲ့ အကိုဖြစ်သူဝမ်ချိုင်နဲ့‌တွေ့ပြီး ဝုန်းဆာအိမ်‌တော်မှာ အလုပ်သမားအဖြစ်ဟန်ဆောင်နေရခဲ့တယ်... တောထဲမှာ ဆုံခဲ့တဲ့ ကဲ့ရောက်ကို ဝုန်းဆာအိမ်တော်မှာ ရာချန်ပြန်တွေ့ပြီးနောက် ရာချန်တစ်ယောက် မြင်ပါများတော့ အချစ်ပိုလာပြီး လက်ထပ်တဲ့ အထိရောက်လာခဲ့ပါတယ်.. ဒါပေမယ့် ကံတရားကအမြဲတမ်းကောင်းတဲ့ဘက်မနေတော့ ရာချန်ရဲ့ယုံလွယ်တက်တဲ့စိတ်ကြောင့်ဘယ်လိုပြသနာတွေဖြစ်လာမလဲ .. ပြသနာတွေကြားမှာသူတို့နှစ်ဦိးရဲ့ဆက်ဆံရေးကဘယ်လိုတွေဆက်ဖြစ်လာမလဲ.. သူနဲ့ကဲ့ရောက်ကြားကပြသနာတွေကိုသူ့ညီမနဲ့လူဆိုးတွေပေါင်းကြံတာရာချန်သိသွားအချိန်မှာသူကဲ့ရောက်ကိုဘယ်လိုကာကွယ်ပေးသွားမလဲ... ကဲ့ရောက်က သူ့အဖေအတွက်ကိုရော ဘယ်လိုကလဲ့စားချေပေးမလဲ... သူကစဝ်ဖုရားရဲ့သမီးဆိုတာ ဘယ်လိုထုတ်ဖော်ပြမလဲ စဝ်ဖုရားရဲ့သမီးအရင်းကရော ဘယ်သူလဲဆိုတာ အကိုဖြစ်သူဝမ်ချိုင်က လိုက်စုံစမ်းရင်း.. ဝုန်းဆာအိမ်တော်ရဲ့ ရှေ့နေလုံမနူနဲ့မယ်ချွယ့်ကရောဘယ်လိုကောက်ကျစ်ယုတ်မာမလဲ ဆိုတာ ' ယုဇနပန်းလေးရဲ့အတိတ်ပုံပြင် ' လို့အမည်ရတဲ့ ဇာတ်ကားကောင်းကို ကြည့်ရှုအားပေးကြရအောင်