-
Movie Name
-
For A Few Dollars More (1965)
-
Year
-
1965
-
Generes
-
Action
-
Code
-
EN0869
-
Type
-
Movie
-
Size
-
1.17 GB
-
Country
-
Hollywood
-
Description
-
For a Few Dollars More (1965)
~ IMDb - 8.2/10, RT- 92%, Meta - 74%
နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။
အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ကျားတပြန် ဆော်ကြနှက်ကြရော။
မင်းသားနှစ်လက် အပြိုင်ကြဲတဲ့ ရှေးရှေးကောင်းဘွိုင်ကားကြီးက ခင်ဗျားတို့ရဲ့ နှလုံးသားထဲ ငြိတွယ်မှာပါ။ အခု Dollars Trilogy လို့ခေါ်တဲ့ သုံးကားပြိုင်ဇာတ်လမ်းကြီး CM မှာ စုံလင်သွားပြီမို့ ကြည့်ရှုခံစားနိုင်ပြီဖြစ်ပါကြောင်း။