Movie Name
အတိတ်ကံပေးသောဝဋ်ကြွေး (Thong Nuea Kao) (2013)
Year
2013
Generes
Drama
Code
ST0463
Type
Series
Size
22.7 GB
Country
Thai
Description
Main Casts : ဆမ် အဖြစ် Poh Natthawut လန်ရောင် အဖြစ် Nune Woranuch ဇာတ်လမ်းအကျဉ်း .... ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်မှာ ဆမ်လိုခေါ်တဲ့ အလွန်လိမ္မာပြီး မိဘကျေးဇူးသိတတ်တဲ့သားလေးတစ်ယောက် ရှိပါတယ် .... ဆမ်ဟာ ရေတပ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဥပဓိရုပ်ကလည်း ခန့်ညားချောမောကာ မိသားစုကလည်းချမ်းသာတာမို မိန်းကလေးတိုင်း လိုချင်တက်မက်ကြတာ မဆန်းပါဘူး .... ထိုမိန်းကလေးတွေထဲမှာ ရပ်ကွက်ထဲက အလွန်ပါးစပ်ကြမ်းပြီး အကျင့်စာရိတ္တမကောင်းတဲ့အီလယ်ဆိုတဲ့မိန်းမကြီးရဲ့သမီးဖြစ်သူလန်ရောင်လည်းအပါအဝင်ပေါ့ .... အီလယ်တို မိသားစုမှာ လန်ရောင်က အကြီးဆုံးသမီးပါ .... သူတိုဘဝဟာ အလွန်ဆင်းရဲကြမ်းတမ်းပြီး ငှက်ပျော်မုန့် ဆိုင်လေးနဲ့ပဲတစ်မိသားစုလုံး အသက်ရှင်နေထိုင်ကြရတာပါ .... ကံမကောင်းတာလားဆိုပြန်တော့လည်း မဟုတ်ပါဘူး အဖေဖြစ်သူက အရက်သမား အမေဖြစ်သူက ဖဲရိုက် သူများပစ္စည်းဥစ္စာခိုးတတ်ဝှက်တတ် သမီးကြီးဖြစ်သူ လန်ရောင်ကလည်း အလွန်အပျင်းကြီး သားဖြစ်သူတွေကလည်း ကလေကချေ .... အီလယ့်မှာ ရည်မှန်းချက်တစ်ခုတော့ ရှိပါတယ် ဘာလဲဆိုတော့ ရုပ်ရည်လေးပဲရှိပြီး အသုံးမကျတဲ့သမီးကြီးလန်ရောင်ကို ချမ်းသာတဲ့ယောင်္ကျားရှာပြီး ထိုးကျွေးမလိုပါပဲ .... အဲ့ကျ တစ်မိသားစုလုံး အလွယ်နည်းနဲ့ချမ်းသာပြီး သမီးလင်ရဲ့ လုပ်စာကိုတစ်သက်လုံး ထိုင်စားသွားလိုရတယ်ဆိုပြီးတော့ပေါ့ .... ရပ်ကွက်ထဲက ဆမ်ဆိုတဲ့ကောင်လေးက သူတိုသားမိရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ် .... ဆမ်ဟာ အလွန်ရိုးသားတာမို အီလန်ရောင့် မာယာတွေထဲ အလွယ်တကူမျောပါသွားပြီးခြေလွန်လက်လွန်ဖြစ်ကာလန်ရောင်တစ်ယောက် ဗိုက်ကြီးသွားပါတော့တယ် .... ဆမ်နဲ့လက်ထပ်ပြီး လန်ရောင်တစ်ယောက် သူဌေးကတော်ဟန်နဲ့ သုံးဖြုန်းရင်း အရက်ပါစွဲသွားပါတော့တယ် .... ဆမ်လည်းကြာလာလေ သည်းမခံနိုင်လေဖြစ်ပြီး လန်ရောင်နဲ့လမ်းခွဲလိုက်ပါတော့တယ် .... လန်ရောင်ကလည်း သူ့လင်ကိုဒေါသထွက်တိုင်း အိုက်ဝမ်ဆိုတဲ့ သူ့သားလေးပေါ်ပုံချလေ့ရှိပါတယ် .... အိုက်ဝမ်ကို ဘယ်လောက်ပဲဆဲဆိုရိုက်နှက်နေပါစေ လန်ရောင့်ဘေးနားမှာဘယ်သူမှ မရှိတဲ့အဆုံး အဲ့ခလေးသေးသေးလေးကပဲ အရက်စွဲပြီးအချိန်ပြည့်မူးရူးနေတဲ့ အမေကို ထမင်းချက်ကျွေး အိမ်တံမြက်စည်းလှည်း ကြမ်းတိုက်အကုန်လုပ်ပေးရပါတော့တယ် .... လင်နဲ့ကွဲပြီးမကြာပါဘူးသူ့စိတ်ကြိုက် ချမ်းသာတဲ့သူလူတွေ့ပြန်တော့ သူ့အပိုင်ဖြစ်အောင်ကြံစည်ပြန်တယ် .... ဒီလိုနဲ့ပဲ လန်ရောင်ခမျာ လင်တွေတစ်ယောက်ပြီး တစ်ယောက်တိုးလာပြီးတိုးလာတဲ့လင်တွေက အချိန်တန်ရင် ထွက်သွားကြပေမယ့်လန်ရောင်ကတော့ ခလေးတသိုက်နဲ့ကျန်နေခဲ့ပါတော့တယ် .... အီလန်ရောင်တစ်ယောက် ဒီကလေးတွေနဲ့ ဘယ်လိုရှေ့ဆက်မလဲ ? လောင်းကစားလုပ်လိုက် အရက်သောက်လိုက်နဲ့ကြာရင် လမ်းဘေးကို ရောက်သွားမလား ? ယောင်္ကျားပေါင်းများစွာနဲ့ အတူနေဖူးတဲ့လန်ရောင်တစ်ယောက်ရောဂါပိုးကူးပြီး နောက်ဆုံးသူ့ဘဝ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဒီဇာတ်လမ်းတွဲထဲရင်သပ်ရှုမောဖွယ် ကြည့်ရှုလိုက်ကြရအောင်။ အပိုင်းတိုင်း အပိုင်းတိုင်းက ဘဝသင်ခန်းစာတွေနဲ့ပြည့်နေတာမို သင်ခန်းစာယူတတ်ရင်အချိန်ကုန်ခံကြည့်ရကျိုးလုံးဝနပ်စေမယ့်ဇတ်လမ်းတွဲတစ်ခုပါ။