-
Movie Name
-
Borrego (2022)
-
Year
-
2022
-
Generes
-
Drama, Thriller
-
Code
-
EN0872
-
Type
-
Movie
-
Size
-
979 MB
-
Country
-
Hollywood
-
Description
-
Borrego (2022)
ဘိုရီဂိုဆိုတဲ့ သဲကန္တာရနယ်မြေထဲမှာ ပန်းပင်တစ်မျိုးအကြောင်းကွင်းဆင်းလေ့လာဖို့
အယ်လီဆိုတဲ့ ရုက္ခဗေဒပညာရှင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အယ်လီလေးက
ကန္တာရထဲမှာပန်းပင်လေးတွေအကြောင်းမှတ်တမ်းလေ့လာရင်း တစ်ညမှာတော့ မထင်မှတ်
ထားတာတွေဖြစ်လာခဲ့ပါတယ်။ သူနဲ့မလှမ်းမကမ်းတစ်နေရာမှာ ဘယ်ကမှန်းမသိတဲ့လေယာဥ်ပျံ
တစ်စီးက ပျက်ကျလာခဲ့ပါတယ်။ ဒါနဲ့သူလည်း ပျက်ကျသွားတဲ့လေယာဥ်ပျံဆီအကူအညီပေးဖို့
သွားလိုက်ရာက ပျက်ကျတဲ့လေယာဥ်ကမူးယစ်ဆေးမှောင်ခိုသယ်လာတဲ့လေယာဥ်ဖြစ်နေတော့
အကူအညီလိုအပ်မယ့်လူကသူကိုယ်တိုင်ဖြစ်လာရပါတော့တယ်။ ပိုင်းလော့ဖြစ်သူကလည်း
မသေသေးတော့ အယ်လီတစ်ယောက်အန္တရာယ်တောထဲဝင်မိသလိုဖြစ်သွားရပါတော့တယ်။
နယ်မြေကလည်းစိမ်းနေသေးတဲ့အယ်လီ ဒီလိုအန္တရာယ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ
ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမယ့် ၂၀၂၂ ထွက်အသစ်စက်စက် Triller ကားသစ်လေးပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)