-
Movie Name
-
Confession (2014)
-
Year
-
2014
-
Generes
-
Drama, Thriller
-
Code
-
KR0152
-
Type
-
Movie
-
Size
-
1.06 GB
-
Country
-
Korea
-
Description
-
Confession (2014)
==================
IMDb Rating – 6.7/10
ယော်ရောဘွန်းတို့ “Confession” လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ
“အချစ်ဝန်ခံချက်” လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလား
ဒါပေမယ့်…..ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo)
တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့
မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို
ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက
အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး “ညစ်တတ်တယ် လိမ်တတ်တယ်” လို့ အသိများကြတယ်။
မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့
ပျော်ပျော်နေတတ်တဲ့ လူရိုးလူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး
အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို
ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့
သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် “အားလုံး
ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး”တွေဖြစ်လာခဲ့တယ်။
ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က “Confession” ဆိုပေမယ့် ကိုရီးယားနာမည်က “좋은 친구들이”
“သူငယ်ချင်းကောင်းတွေ” ဆိုတော့ သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးပျက်စီးသွားမလား၊ ဆက်ပြီး
တည်တံ့နေမလား၊ သူတို့ ကြိုးစားပြီးလုပ်ခဲ့တဲ့ အဲ့အလုပ်က ဘာဖြစ်မလဲ ဆိုတာကို သည်းထိပ်ရင်ဖိုနဲ့
မခံမရပ်နိုင်ကြည့်ရမှာပါ။ ကြည့်တဲ့ကိုယ်ကပါ အားမလိုအားမရတွေဖြစ်ပြီး ရုပ်ရှင်ဇာတ်ကောင်ဝင်
ဖြစ်လိုက်ချင်မှာပါ။ မင်းသားတွေကလည်း အမိုက်စားသုံးယောက်နော် . . . ကဲအားလုံးပဲကြည့်ရှူပြီး
သင်ခန်းစာယူသင့်တဲ့ကားလေးမို့လို့ ဘာသာပြန်ထားတဲ့ ကျွန်မကိုယ်တိုင် highly recommend
ပေးပါတယ်။