Movie Name
Munich The Edge Of War (2022)
Year
2022
Generes
Biography, Drama, Historical
Code
EN0876
Type
Movie
Size
1.18 GB
Country
Hollywood
Description
Munich: The Edge of War (2022) ===================== ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်.. ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီ ဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ.... နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ် ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် သမိုင်းတွေအရ ဟစ်တလာကတော့ နယ်မြေချဲ့ထွင်မှုကိုဆက်လက် လုပ်ဆောင်ချင်တာကြောင့် ပိုလန်ကို ကျူးကျော်စစ်ဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်ကိုဦးတည်ခဲ့ပါတော့တယ် ဒါက ဒီရုပ်ရှင်မှာပါတဲ့ သမိုင်းဖြစ်စဉ်ပါ... 1917 ရုပ်ရှင်နဲ့ အော်စကာဇကာတင် မင်းသား Geroge MacKay က မြုူးနစ်ကိုသွားပြီး ဟစ်တလာနဲ့ညှိနှိုင်းမဲ့ ဗြတိန်ကိုယ်စားလှယ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ ဒုတိယ ကမ္ဘာစစ်ကိုတာဆူတော့မယ့် နာဇီတွေနဲ့ ဗြိတိန်တို့ကြားက ဆက်ဆံရေးနဲ့ အဲ့ဒီခေတ်က ဟစ်တလာ၊ ချိန်ဘာလိန်၊ မူဆိုလီနီတို့ကြားက ဆက်ဆံရေးကို သေချာရိုက်ပြထားပါတယ် ကမ္ဘာ့သမိုင်းနိုင်ငံရေးတစ်ခေတ်ကို Cast ကောင်းကောင်း Dialogue ကောင်းကောင်းတွေနဲ့ပြန်ကြည့်ရမယ့် Netflix ရုပ်ရှင်ဖြစ်လို့ ကိုယ်တိုင်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ်