Movie Name
Her Lovely Heel
Year
2014
Generes
Romance
Code
SKR0224
Type
Series
Size
161 MB
Country
Korea
Description
ဇာတ်လမ်းလေးက ၂၀၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ web dramaလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်များကတော့ Moon lovers ဇာတ်လမ်းတွဲမှ မင်းသား၃နှင့် KARA အဖွဲ့ဝင်ဟောင်း ဆွန်းယောင်းတို့်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဂျီဟူဆိုတဲ့ကောင်မလေးက အချစ်နဲ့ပတ်သက်လို့ ကံမကောင်းခဲ့ပါဘူး။ ဂျီဟူ ရဲ့အချစ်ဦး ရည်းစားဦးက ဂျီဟူကို စွန့်ပစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ အချစ်သစ်တွေ့သွားလို့ပါတဲ့။ ချစ်ဦးသူနဲ့လွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဂျီဟူဟာ အသည်းထပ်ကွဲမှာကို စိုးရွံ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ သူ့နှလုံးသားကို ပြန်လည်ရှင်သန်စေမယ့် ထယ်ဆူဆိုတဲ့သူနဲ့ ဆုံခဲ့ရပါတယ်။ ကံကောင်းချင်တော့ ထယ်ဆူအလုပ်လုပ်တဲ့ကုမ္ပဏီမှာ ဂျီဟူအလုပ်ရခဲ့ပါတယ်။ ဂျီဟူက ထယ်ဆူ့ကိုစိတ်ဝင်စားနေပေမယ့်လည်း ထယ်ဆူကတော့ အချစ်ကို မယုံကြည်တတ်တဲ့သူမျိုးပါ။ တစ်နေ့မှာတော့ ဂျီဟူရဲ့ချစ်ဦးသူဟာ ဂျီဟူတို့ကုမ္ပဏီနဲ့ လက်တွဲအလုပ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ချစ်သူဟောင်းက စိတ်မပြတ်နိုင်လို့ ဂျီဟူ့ကိုနှောင့်ယှက်တဲ့အခါ ထယ်ဆူက ဂျီဟူ့ကို ကာကွယ်ပေးရင်း တစ်စတစ်စနဲ့ ဂျီဟူ့အပေါ် စိတ်ဝင်စားလာပါတော့တယ်။ ဒီတော့… ဂျီဟူအသည်းထပ်ကွဲဦးမှာလား ပျော်ရွှင်စရာအချစ်ကို ပိုင်ဆိုင်သွားနိုင်မှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားတော်မူကြပါလို့…