-
Movie Name
-
Tom And Jerry Cowboy Up (2022)
-
Year
-
2022
-
Generes
-
Animation, Comedy
-
Code
-
AN0436
-
Type
-
Movie
-
Size
-
628 MB
-
Country
-
Hollywood
-
Description
-
Tom and Jerry: Cowboy up 2022
============================
ကြောင်နဲ့ကြွက်ပရိတ်သတ်တွေအတွက် IMDb 7/10 အထိရရှိထားပြီး
လောလောလတ်လတ်ထွက်ရှိလာတဲ့ Tom&Jerry Cowboy Up လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကို
ခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာ
တခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့
လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့်
ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့
ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ
မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့
အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီး
မြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့
မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့
Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့
ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ်
ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကို
အလွဲလွဲအမှားမှားတွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာ
ဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့်
ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ်