-
Movie Name
-
Never Say Goodbye (မျဥ်းပြိုင်တို့ဆုံချိန်) (2021)
-
Year
-
2021
-
Generes
-
Action, Crime, Romance
-
Code
-
SC0475
-
Type
-
Series
-
Size
-
15.1 GB
-
Country
-
China
-
Description
-
1-47 complete
ဇာတ်လမ်းအညွှန်း 🍀
အထူးရဲအဖွဲ့ရဲ့အားကိုးရတဲ့ထူးချွန်ကွန်မန်ဒိုတစ်ယောက်ဖြစ်တဲ့ လျိုယွမ်ဝမ်ဟာ လွန်ခဲ့တဲ့သုံးနှစ်က သူ့ရဲ့ဟာကွက်ကြောင့် သူ့ရဲ့လက်အောက်ငယ်သားရဲမေလည်းဖြစ်၊ သူ့ရဲ့လက်ထပ်ဖို့စေ့စပ်ထားတဲ့ဇနီးလောင်းလည်းဖြစ်တဲ့ ရုံယွီရဲ့အသက်ကို ဆုံးရှုံးလိုက်ရပါတယ်။
တစ်ဖက်မှာလည်း သူ့ရဲ့ရဲဘော်ရဲဘက်သူငယ်ချင်းလည်းဖြစ်၊ ရုံယွီရဲ့အစ်ကို ယောက်ဖလောင်းလည်းဖြစ်တဲ့ ရုံယောင်က သူ့ညီမလေးသေဆုံးမှုအတွက် အဓိကတာဝန်ရှိသူအဖြစ် လျိုယွမ်ဝမ်ကို အပြစ်တင်စိတ်နာနေပါတယ်။
ချစ်ရတဲ့သူနဲ့သေကွဲကွဲပြီး အရာရာဆုံးရှုံးခဲ့ရတဲ့ လျိုယွမ်ဝမ်ဟာ ရာထူးကနေနှုတ်ထွက်ပြီး အားလုံးအဆက်အသွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ဖို့ဖြစ်လာပါတယ်။
ကံကြမ္မာကဖန်လာတော့ လျိုယွမ်ဝမ်ဟာ သူ့အပြစ်ကြွေးကိုပေးဆပ်ဖို့ခံယူချက်နဲ့ လက်ရှိမှာ အထူးတာဝန်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေတဲ့ရုံယောင်ရဲ့တိုက်တွန်းချက်ကြောင့်.... စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့မျက်နှာဖုံးတပ်ထားတဲ့ မူးယစ်ဆေးဘုရင် အိုးလူကြီးမင်းဆီမှာ မုချင်းဆိုတဲ့အသွင်ယူသူလျှိုအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လေသတည်းပေါ့
အိုးလူကြီးမင်းရဲ့သမီး အိုးခယ်ရှင်းလည်း ဘာမထီအောင် ထက်မြက်တဲ့မိန်းမသားဆိုတော့ မုချင်းဆိုတဲ့ အသွင်ယူအေးဂျင့်နဲ့ဆုံလေတော့ ဘယ်လိုမီးပွားလေးတွေကနေ သံယောဇဉ်အဖြစ်အသွင်ကူးသွားမလဲ
အမှန်တရားဘက်တော်သားမုချင်းက သူ့ရဲ့မူလဇာတ်ရုပ်ကို လက်တစ်လုံးခြားဘယ်လိုထိန်းသိမ်းထားနိုင်မလဲ
သုစရိုက်နဲ့ဒုစရိုက်ကြား တရားမျှတမှုကိုဆောင်ကျဉ်းနိုင်ဖို့ ပေးဆပ်မှုတွေကဘယ်လောက်ကြီးမားလိုက်မလဲ
ပိုးဖလံမျိုးမို့လို့ မီးကိုတိုးနေရတဲ့ဘဝတွေကနေ အလင်းရောင်ဝင်ရောက်နိုင်ဖို့မျှော်လင့်ချက်ဆန္ဒကို သူတို့တွေဖမ်းဆုပ်နိုင်ပါ့မလား
ဒါတွေအားလုံးရဲ့အဖြေက SoulKingdom ကတင်ဆက်မဲ့ "မျဉ်းပြိုင်တို့ဆုံချိန်" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာရှိပါတယ်။ Cast တွေကလည်း အထူးပြောစရာမလိုတော့အောင် သိပြီးသားဆိုတော့ ဇာတ်ကားကိုသာ စောင့်မျှော်ကြည့်ရှုကြရအောင်လား