-
Movie Name
-
Hunt Down Foxes (နတ်မင်းကြီးငါးပါး နှင့် မြေခွေးကျိန်စာ) (2021)
-
Year
-
2021
-
Generes
-
Action, Fantasy
-
Code
-
CN0231
-
Type
-
Movie
-
Size
-
777 MB
-
Country
-
China
-
Description
-
ရုပ်ရှင်ကောင်းချစ်သူလေးတွေအတွက် အခုတစ်ခါ ``နတ်မင်းကြီးငါးပါးနှင့် မြေခွေးကျိန်စာ´´ လို အမည်ရတဲ့ ရုပ်ရှင်အသစ်စက်စက်ကလေးနဲ့ မိတ်ဆက်ပေးမယ်နော်
ဇာတ်လမ်းကလေးကတော့ ......
အရင်တုန်းကတရုတ်ပြည်မှာမြောက်ပိုင်းလူတွေကနတ်ကိုးကွယ်ပြီးနှင့်တောင်ပိုင်းလူတွေဘုရားကိုးကွယ်ကြတယ်။မြောက်ပိုင်းလူတွေကတောင်ပိုင်းကိုမလာရဘူးဆိုတဲ့ဆိုရိုးစကားလည်းရှိခဲ့တယ်။ တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာလည်းဆိုးသွမ်းတဲ့ ချူးမာနတ်အကြောင်းပျံ့နှံနေခဲ့တာပေါ့
ဒဏ္ဍာရီမှာ ဟူ၊ဟွမ်၊ပိုင်၊လျှိနှင့်ဟွေးဆိုတဲ့နတ်မျိုးနွယ်ငါးစု ရှိတယ်။အဲဒီနတ်မျိုးနွယ်ငါးစုက ကျေးဇူးရှိရင်ဆပ်ရမယ်၊ရန်ငြိုးရှိရင်လည်းပြန်ပေးဆပ်ရမယ်ဆိုတဲ့ဆိုရိုးစကားကိုလက်ကိုင်ထားကြလို သုန်းပေစကားမှာသူတိုကိုအစောင့်အရှောက်နတ်ဆိုပြီးခေါ်ကြတာပေါ့ ချူးမာနတ်က နတ်မျိုးနွယ်ငါးခုနဲ့ရေစက်ပါသူဖြစ်တယ်ပြီး ခေတ်အဆက်ဆက်နတ်မျိုးနွယ်တွေနဲ့အဆက်အသွယ်လုပ်နိုင်ဖိုပေးဆပ်ခဲ့ကြတယ်။နတ်မျိုးနွယ်တွေရဲ့စွမ်းအားနှင့် လူတွေကိုကူညီကယ်တင်ပေးတယ်။
နတ်အမျိုးအနွယ်နှင့်ချူးမာနတ်တိုကသေအတူရှင်မကွဲဆိုတဲ့ဂတိကိုထားရှိရတယ်။နတ်မျိုးနွယ်ငါးခုထဲက ဟူနတ်မျိုးနွယ်ရဲ့ဟူစန်းထိုက်ကဩဇာအကြီးဆုံး၊စွမ်းအားအကြီးဆုံးနှင့်သံယောဇဉ်ကိုအလေးထားဆုံးသူဖြစ်တယ်။ မင်နိုင်ငံခေတ်မှာ သုန်းပေတောင်ပေါ် ဒေသမှာနေတဲ့မာကျားချွမ်းက ဟူစန်းထိုက်ရဲ့မေတ္တာကိုလက်ခံရရှိကြောင်းသတင်းတွေပြန့်လာခဲ့တယ်။ဒါပေမဲ့ ရွာသားတစ်ယောက်က စည်းစိမ်ဥစ္စာအတွက် ဟူမျိုးနွယ်တွေ ခေတ်အဆက်ဆက်စောင့်ရှောက်လာတဲ့ဘိုးဘွားအုတ်ဂူကိုဖောက်ပြီး ဟူနတ်မျိုးနွယ်တွေကိုဒေါသထွက်စေခဲ့တယ်။
ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ ရွာထဲမှာဘယ်လိုမကောင်းတာတွေဖြစ်လာမလဲ....ရွာသားတွေကရောဘယ်လိုပြန်ဖြေရှင်းကြမလဲ...
လူမျိုးနွယ်နှင့်နတ်မျိုးနွယ်မှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ.....
Soulကနေ ဘာဘာပြန်လက်ရာအကောင်းဆုံးနဲ့ တင်ဆက်ပေးသွားမှာမို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်