-
Movie Name
-
New Madam White Snake (2021) (မြွေဖြူလေးရဲ့မေတ္တာအသင်္ချေ)
-
Year
-
2021
-
Generes
-
Action, Fantasy, Historical, Romance
-
Code
-
SC0477
-
Type
-
Series
-
Size
-
10.9 GB
-
Country
-
China
-
Description
-
1-32 Compeleted
𝐍𝐞𝐰 𝐌𝐚𝐝𝐚𝐦 𝐖𝐡𝐢𝐭𝐞 𝐒𝐧𝐚𝐤𝐞 (𝟐𝟎𝟐𝟏)
"မြွေဖြူမလေးရဲ့မေတ္တာအသင်္ချေ"
စ/ဆုံး
မြွေဖြူမလေးကားလို့ကြားတာနဲ့ တရုတ်ကားပရိသတ်တိုင်းလိုလို မသိဘူးဆိုတာခပ်ရှားရှားရယ်... Drama, Movie, Animation စုံပလုံစေ့နေအောင် version မျိုးစုံထွက်ဖူးတယ်လေ
အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်းကတော့ဖြင့် တဝဲလည်လည်... အခုလည်း လာပြန်ပါပြီ နောက်ထပ်မြွေဖြူမလေးတစ်ကား... ချစ်ခြင်းမေတ္တာအရာမှာ ရာဇဝင်စာတင်ထားတဲ့ ပိုင်စုကျန်းနဲ့ ရွှီရှန်းရဲ့ချစ်ပုံပြင်က တရုတ်ရိုမီယိုနဲ့ ဂျူးလိယက်ပဲ
🐍 နှစ်တစ်ထောင်သက်တမ်းရှိပြီး တရားကျင့်ကြံကာလူယောင်ဖန်ဆင်းနိုင်တဲ့ မြွေဖြူမလေးပိုင်စုကျန်းဟာ ရွှီရှန်းဆိုတဲ့လူသားလေးနဲ့ ချစ်ကြိုးသွယ်လျက် မသေမျိုးနဲ့ပုထုဇဉ်တို့ရဲ့ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေး
🐍 သည့်အပြင် မြွေစိမ်းမလေး ရှောင်ချင်းနဲ့ ဖားဟိုင်ကိုယ်တော်ဆိုတဲ့ မပါမဖြစ်အရန်ဇာတ်ကောင်နှစ်ဦးပါ ထပ်ပေါင်းလိုက်ရင် ဒီဇာတ်လမ်းတွဲလေးက မတူညီတဲ့ရသတစ်ခုကို ပေးစွမ်းနိုင်မှာသေချာပါတယ်
⁃ အတိတ်ဘဝအဆက်ဆက်ကရေစက်ကြောင့် ပိုင်စုကျန်းနဲ့ ရွှီရှန်းတို့ရဲ့အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲ
⁃ အချစ်စစ်တို့မည်သည် ဘယ်တော့မှမဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း ဘယ်လိုအခက်အခဲပေါင်းများစွာကို သူတို့နှစ်ဦးကျော်ဖြတ်ကြရမလဲ
⁃ လူသားနဲ့မိစ္ဆာလားလားမှ မအပ်စပ်လို့ခံယူထားတဲ့ ဖားဟိုင်ဘုန်းတော်ကြီးက သူတို့ရဲ့ချစ်ခြင်းမှာ အကြီးမားဆုံးအဟန့်အတားဖြစ်လာမှာလား
⁃ အစ်မဖြစ်သူပိုင်စုကျန်းကိုသာ တစ်ဘဝမှတ်ယူထားတဲ့ရှောင်ချင်းကရော အစ်မရဲ့အချစ်ရေးအတွက် ဘယ်လောက်ထိကြိုးစားကာကွယ်ပေးနိုင်မလဲ