Movie Name
Yeh Kaali Kaali Ankhein (2022)
Year
2022
Generes
Crime, Drama
Code
SIND0017
Type
Series
Size
1.97 GB
Country
Bollywood
Description
1-8 compeleted These Black Black Eyes (2022) “ပိုက်ဆံ ၊ အာဏာ နဲ့ မိန်းမ ဒီသုံးခုက ယောက်ျားတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တယ်တဲ့။ ငါ့ဘဝမှာ ပိုက်ဆံကို လောဘမတက်ခဲ့ဘူး အာဏာကို ရယူဖို့လည်း မကြိုးစားခဲ့ ဒီတော့ နောက်ဆုံးကျန်တာက ” ပူဝါ သေမင်းခံတွင်းဝက ဗီဂရန့်ရဲ့နောက်ဆုံးအတွေးတွေပေါ့။ ဒီနေ့ IMDb မှာ rating 7.7 ထိရထားတဲ့ Netflix ရဲ့ အိန္ဒိယဇာတ်လမ်းတွဲကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ မြင်မြင်ချင်းချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို ၁၅ နှစ် ၈ လ ၇ ရက်စောင့်ပြီး ပြန်တွေ့တော့ လက်ထပ်ချင်ခဲ့တဲ့ ပူဝါတစ်ယောက်။ ရှီဂါဆိုတဲ့ မိန်းကလေးကိုပဲ မြတ်နိုးပြီး ရင်ထဲ သိမ်းထားတဲ့ ဗီဂရန့်။ ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်က ပုံမှန်အချစ်ဇာတ်လမ်းတွေလိုတော့ မရိုးရှင်းလှပါဘူး။ ပူဝါဆိုတဲ့ မိန်းကလေးက သူ့ဘဝမှာမွေးကတည်းက လိုချင်တာမှန်သမျှရခဲ့တဲ့သူပါ။ ဒါတွေအားလုံးက သူ့အဖေ အကီရာဂျ်ဆိုတဲ့ နိုင်ငံရေးသမားကြောင့်ပေါ့ဗျာ။ အာဏာတည်မြဲဖို့ အင်အားကြီးဖို့ လူသတ်ဖို့ဝန်မလေးတဲ့ အထက်တန်းအသိုင်းအဝန်းက လူတစ်ယောက်။ သူ့သမီးသာလိုချင်ရင် ကောင်းကင်က ကြယ်ကိုတောင်ခူးပေးမယ့် အကီရာဂျ်က ” ဗီဂရန့်ကိုရော သမီးလေးအလိုကျ လက်ထပ်ပေးနိုင်ပါ့မလား။ ဗီဂရန့်ကရော ချစ်ရတဲ့ရှီဂါကိုရွေး အကီရာဂျ်လက်ထဲ အစအနတောင် မရပဲ လက်စဖျောက်ခံလိုက်ရမလား။ ဗီဂရန့်ဆိုတဲ့ ပုရွတ်ဆိတ်တစ်ကောင် အင်အားနဲ့ အကီရာဂျ်လို ဆင်ခွန်အားကို တွန်းလှန်နိုင်ခဲ့ပါ့မလားဆိုတာ ဒီဇာတ်ကားမှာ အသည်းတယားယားနဲ့ ကြည့်ရှုပေးပါဦးခင်ဗျာ။ အပိုင်း ၈ ပိုင်းထိပါတာမို့ Channel Myanmar website မှာ တဝကြီးခံစားလိုက်ကြရအောင်ဗျာ။