-
Movie Name
-
True Story (2021)
-
Year
-
2021
-
Generes
-
Crime, Drama
-
Code
-
SE0185
-
Type
-
Series
-
Size
-
2.71 GB
-
Country
-
Hollywood
-
Description
-
1-7 Complete
စိတ်၀င်စားဖို့ ကောင်းတဲ့ Crime-Drama မီနီစိးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် comedian Kid ရဲ့ ကာရိုက်တာကို အပြင်မှာ တကယ့် comedian တစ်ယောက်ဖြစ်တဲ့ Kevin Hart က သရုပ်ဆောင်ထားပြီး ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ကြတဲ့ Blade ကားတွေရဲ့ မင်းသားကြီး Wesley Snipes က Kid ရဲ့ အစ်ကို ဖြစ်သူ Carlton အဖြစ် ပါ၀င်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
Kid ဟာ အောင်မြင်ကျော်ကြားပြီး ပရိသတ်ချစ်တဲ့ comedian တစ်ယာက်ပါ။ King of Comedy လို့တင်စားရလောက်တဲ့ထိအောင် သူ့ရဲ့ ပြက်လုံးတွေက လူတွေအပေါ် လွှမ်းမိုးထားပါတယ်။ ဒီတော့ ခြုံပြောရရင် သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရပါမယ်။ ဒါပေမဲ့ သာယာနေတဲ့ သူ့ဘ၀ဟာ နယ်လှည့်ဖျော်ဖြေရေးအတွက် သူ့ရဲ့ ဇာတိမြေ Philadelphia ကို ရောက်တဲ့အခါ မိုးနဲ့မြေလို ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ အစ်ကိုဖြစ်သူရဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အရှုပ်တော်ပုံတွေကြား ပဲလှော်ကြားဆားညပ်ပြီး Kid တစ်ယောက် အောင်မြင်မှုနဲ့ မိသားစုကြား အကျပ်ရိုက်စရာတွေ ကြုံလာပါတော့တယ်။ ဖြစ်လာတဲ့ ပြဿနာတိုင်းက သူ့ရဲ့ အောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကျနေတဲ့အခါ Kid တစ်ယောက် ဒီဒုက္ခတွေကနေ ဘယ်လို ရုန်းထွက်ဖြေရှင်းမလဲ …. ဖြေရော ဖြေရှင်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ