Movie Name
Deiva Thirumagal (2011)
Year
2011
Generes
Drama
Code
IND0274
Type
Movie
Size
347 MB
Country
Bollywood
Description
ကြည့်မယ်ဆိုလက်ကိုင်ပု၀ါလေးတော့ဆောင်ထားစေချင်တယ်ဗျ ခါးကုန်းမင်းသားကြီး ဗစ်ကရမ်ရဲ့အကောင်းဆုံးကားတွေထဲက တကားကိုပြပါဆိုရင် ဒီကားကို ညွှန်းချင်ပါတယ်။ တမီးလ်ကားတွေ၊ တေလဂူကားတွေမှာအိုဗာတွေပါလို့ဆိုပြီး စိတ်ပျက်နေရင် ဒီကားကို ညွှန်းချင်ပါတယ်။ ဗစ်ကရမ်ဆိုတဲ့ မင်းသားကို ကျွန်တော်က ခါးကုန်းကားနဲ့ စသိခဲ့တာပါ။ နောက် ရာမ ၊ သီတာ ၊ ရာဝဏ္ဏတို့ရဲ့ ဇာတ်ကောင်တွေနဲ့ နှိုင်းယှဉ်ရိုက်ကူးထားတဲ့ Ravanan(ရာဝဏ္ဏ) ဇာတ်ကားပေါ့။ တမီးလ်မင်းသားတွေထဲကမေတ္တာဖွဲ့ ဇာတ်ကားတွေ ရိုက်တဲ့နေရာမှာ တခေတ်တည်း ပေါ်ထွက်လာသူချင်း အတူတူ ဗီဂျေး ၊ အာဂျိကူးမားတို့ထက် ဗစ်ကရမ့်ကို ကျွန်တော် ပိုကြိုက်ပါတယ်။ ဘာကြောင့် ကြိုက်သလဲ၊ဘာဖြစ်လို့ ဒီလောက်ပြောနေရသလဲဆိုတာကို ဇာတ်လမ်းမှာ ခံစားလိုက်ပါ။ ကျွန်တော်ကတော့ ဒီကားကြည့်ပြီးတော့ မျက်ရည်ပေါက်ပေါက် ကျတဲ့အထိကို ခံစားရပြီး၊ အတော်ကြီး စိတ်ထိခိုက်ပြီးပါပြီ။