Movie Name
Cats And Peachtopia [2018]
Year
2018
Generes
Animation
Code
AN0439
Type
Movie
Size
757 MB
Country
Hollywood
Description
Animationချစ်သူ CMပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။Cat and Peachtopia (2018)ကားလေးပါ။ဒီကားလေးကိုကြည့်ပြီးတော့ တရုတ်Animationတွေ တော်တော်အဆင့်မြင့်လာတယ်လို့ကောက်ချက်ချရမယ်ဗျ။ဒီကား Producerတွေက Studioရဲ့” နိုင်ငံတကာစံချိန်အတိုင်းရိုက်ကူးနိုင်မှု” “ဟောလိဝုဒ်ကိုတောင်မှီနိုင်တယ်”လို့ကောက်ချက်ချကာ ငွေထုတ်ပေးခဲ့တာပါတဲ့။ဒီ” Light Chaser “စတူဒီယိုဟာ Little Door God(2016) Tea Pet (2017)ဆိုတဲ့တရုတ်ယဉ်ကျေးမှုအခြေခံကာတွန်းကားတွေကိုရိုက်ကူးခဲ့ရာမှညနာမည်ကြီးခဲ့တဲ့ စတူဒီယိုပါ။ကဲ အထွေအထူးပြောမနေတော့ပဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြပါ့မယ်။Blanket ဆိုတဲ့ကြောင်လေးတစ်ကောင်မှာ Capeဆိုတဲ့ ကြောင်သားလေးတစ်ကောင်ရှိပါတယ်။ငယ်ရွယ်သူတို့ထုံးစံအတိုင်း အပြင်ထွက်ချင်တယ် တစ်ကဲကဲပေါ့။တစ်နေ့တော့ စူးစမ်းလိုစိတ်လဲများပြီး ရဲရင့်တဲ့ကြောင်ပေါက်လေး Capeဟာ သူ့အဖေပြောပြဖူးတဲ့ မက်မုံနိဗ္ဗာန်ဘုံမှာ သူ့အမေရှိတယ်လို့ယုံကြည်ကာ အိမ်ကနေထွက်ပြေးသွားပြီးအမေကိုလိုက်ရှာပါတော့တယ်။အဖေဖြစ်သူ ဝဝတုတ်တုတ် ကြောင်ကြီး Blanketရယ် အိမ်မှာအတူတူမွေးထားတဲ့ ငှက်လေး အန်တီကြက်တူရွေးတို့ Capeကို စွန့်စားခန်းဖွင့်ကာရှာဖွေကြပုံတွေကို တရုတ်ယဉ်ကျေးမှုနောက်ခံထားကာဇာတ်အိမ်ကျယ်ကျယ်ရိုက်ကူးထားပါတယ်။ပေးချင်တဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ပဲ ညွှန်းပါရစေ။Ratingအနေနဲ့ကလဲ Imdb Rating 7.7 တောင်ရရှိထားတာမို့ Animationချစ်သူတွေအတွက် ကြည့်ရတန်စေမယ့် ကားတစ်ကားဖြစ်မှာပါလို့ပဲပြောလိုက်ပါတယ်။