-
Movie Name
-
Are You Huaman Too (2018)
-
Year
-
2018
-
Generes
-
Romance, Sci-Fi
-
Code
-
SKR0036
-
Type
-
Series
-
Size
-
7.51 GB
-
Country
-
Korea
-
Description
-
Science fiction ကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက်ရော ro မှ ro တစ်လိုင်းဆိုတဲ့ ပရိသတ်တွေအတွက်ရော အားလုံးစောင့်မျှော်နေတဲ့ Are U Human Too…..ဆိုတဲ့ K Drama လေးကို တင်ဆက်ပေးလိုက်တယ်နော်… ချမ်းသာတဲ့ သူဌေးကြီးရဲ့ မြေးဖြစ်တဲ့ နမ်ရှင်းဟာ PK Group ရဲ့ အမွေဆက်ခံသူဖြစ်ပြီး အဖိုးရဲ့ခြိမ်းခြောက်မှုကြောင့် ၇နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူနဲ့ ခွဲနေရတဲ့သူပါ။ နမ်ရှင်းရဲ့မိခင်ဖြစ်တဲ့ Oh Ro Ra ဟာ စက်ရုပ်ပိုင်းဆိုင်ရာ လူသားမှတ်ဉာဏ်တုပြုလုပ်တဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး နိုင်ငံခြားမှာနေရပေမယ့် သားဖြစ်သူနဲ့ ရုပ်ပုံစံတူ နမ်ရှင်း 1 နဲ့ နမ်ရှင်း 2 AI စက်ရုပ်တွေပြုလုပ်ပြီး သားကိုအလွမ်းဖြေနေရသူဖြစ်ပါတယ်။ မိခင်ကိုရှာဖို့ ချက်ကိုစလိုဗားကီးယားနိုင်ငံကိုသွားတဲ့နမ်ရှင်း တစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ပြီး Coma ဖြစ်သွားတဲ့အခါမှာတော့ မိခင် Oh Ro Ra ဟာ သားရဲ့အမွေဆက်ခံသူနေရာ မပျောက်ပျက်ရေးအတွက် သားနဲ့ပုံစံတူ နမ်ရှင်း 3 စက်ရုပ်ကိုတီထွင်ပြီး လူသား နမ်ရှင်း ကြောင့်အလုပ်ပြုတ်ခဲ့ရတဲ့ ကန်ဆိုဘုံးဟာ စက်ရုပ် နမ်ရှင်း3ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။ စက်ရုပ်ကောင်လေးဖြစ်တဲ့ နမ်ရှင်း 3တစ်ယောက် ကြင်နာတတ်တဲ့ ဂန်ဆိုဘုံးရဲ့အနားမှာ လူသားဆန်တဲ့အပြုအမူတွေကိုဘယ်လိုတွေသင်ကြားပေးမလဲ….? သူတို့နှစ်ယောက်အနေနီးရာကနေ ခံစားချက်တွေဖြစ်လာခဲ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲ ……? ဆိုတာကတော့ ဒီ series လေးမှာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ သူဌေးသားလေး နမ်ရှင်း အဖြစ်ရော စက်ရုပ် နမ်ရှင်း 3 အဖြစ်ရော Seo Kang Joon ကသရုပ်ဆောင်ထားပြီးသက်တော်စောင့်မလေး ဂန်ဆိုဘုံးအဖြစ် Gong Seung Yeon က တွဲဖက်သရုပ်ဆောင်ထားတာပါ။ နမ်ရှင်းရဲ့ သူငယ်ချင်းလဲဖြစ် အတွင်းရေးမှူးလဲဖြစ်တဲ့ Ji Young Hoonအဖြစ် lee Joon Hyuk နဲ့ PK group ဒါရိုက်တာတစ်ဦးရဲ့ သမီးဖြစ်သူ နမ်ရှင်းရဲ့ ဇနီးလောင်း Seo Ye-na အဖြစ် Park Hwan-hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးကို ₩10 billion အကုန်ကျခံရိုက်ကူးထားတယ်လို့သိရပြီး တနင်္လာ အင်္ဂါနေ့တိုင်း KBS2 channel မှ ထုတ်လွှင့်မှာပဲဖြစ်ပါတယ်။