-
Movie Name
-
Changeling (2008)
-
Year
-
2008
-
Generes
-
Biography, Crime, Drama
-
Code
-
EN0883
-
Type
-
Movie
-
Size
-
780 MB
-
Country
-
Hollywood
-
Description
-
IMDb – 7.7/10, RT – 62%, Meta – 63% ~
အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားဟာ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။
အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန….
မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ…
ဒုစရိုက်မှုတွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်…
Single Mother တစ်ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်…
ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ…..
သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ဘယ်လိုတာဝန်ယူမှုတွေ လုပ်ပေးခဲ့လဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။
ဒီကားလေးမှာ သားသမီးကိစ္စနဲ့ ပတ်သက်လာရင် မိခင်တွေဟာ ဘယ်လောက်တောင်ရဲရင့်တယ် အစိုးရမကလို့ ဘယ်လိုအဖွဲ့အစည်း ဘယ်လိုလူပုဂ္ဂိုလ်ပဲ ဖြစ်နေပါစေ အမှန်တရားအတွက် ရင်ဆိုင်ရဲတယ်ဆိုတဲ့ မိခင်မေတ္တာကို အပြည့်အဝခံစားရမှာပါ။
ဒီထဲက ဇာတ်ကောင်တွေအကုန်လုံးကလည်း အပြင်မှာတကယ်ရှိခဲ့တဲ့သူတွေဖြစ်လို့ ဇာတ်ကားကြည့်ရင်း တကယ်ဖြစ်နေသလို စိတ်လှုပ်လည်းရှား ကျောလည်းချမ်းရမှာမို့ Mystery & Thriller ကြိုက်တဲ့ ပရိသတ်တွေလည်း လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်။