Movie Name
Perfect World (2018)
Year
2018
Generes
Drama, Romance
Code
JP0045
Type
Movie
Size
489 MB
Country
Japan
Description
Perfect World "ဒီအချိန် ဒီရာသီဥတုလေးကို ရောက်လာရင် ကျွန်မရဲ့ အချစ်ဦးကို ပြန်အမှတ်ရမိလာပါတယ် ကျွန်မအမြဲချစ်ခဲ့ရတဲ့ စီနီယာကိုပေါ့ ဖွင့်ပြောဖို့ သတ္တိမရှိခဲ့လို့ အဆုံးသတ်သွားခဲ့ရတဲ့ ကျွန်မရဲ့ပထမဆုံး အချစ်ဦးလေး… ဒီနှစ် အသက် ၂၄ နှစ်မှာ ကျွန်မရဲ့အချစ်ဦးကိုပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ် ဒါပေမယ့် မြင်ကွင်းတွေဟာ အရမ်းကိုခြားနားနေခဲ့ပါတယ် စီနီယာဟာ ဘီးတပ်ကုလားထိုင်လေးကို လက်ကလေးနဲ့တွန်းပြီး တရွေ့ရွေ့နဲ့ လျှောက်လှမ်းနေခဲ့ပါတယ် ကျွန်မ စီနီယာ့ကို နောက်တစ်ကြိမ်ပြန်ချစ်မိပါဦးတော့မလား? ဦးနှောက်နဲ့နှလုံးသား ဘယ်အရာကို ကျွန်မဦးစားပေးမိလေမလဲ… ကျွန်မကိုယ် ကျွန်မမေးခွန်းတွေထုတ်မိရင်း ဘီးတပ်ကုလားထိုင်လေးနဲ့ တရွေ့ရွေ့ရှေ့ဆက်လှမ်းနေခဲ့တဲ့ စီနီယာ့ကို ငေးကြည့်နေခဲ့မိပါတယ်" ဒီနှစ် ဂျပန်-မြန်မာပွဲတော်မှာ ပြသသွားခဲ့တဲ့ ရုပ်ရှင်ကားများထဲက တစ်ကားဖြစ်ပြီး မန်ဂကာတွန်းစာအုပ်ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းလေးကတော့ အရမ်းရိုးစင်းပြီးတော့ သရုပ်ဆောင်တွေကတော့ ပြောစရာမရှိအောင် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားနိုင်ပါတယ် မသန်ပေမယ့် စွမ်းသူတို့ရဲ့ဘဝကိုလည်း ကိုယ်ချင်းစာမိသွားပါလိမ့်မယ် နည်းနည်းတော့ ပျင်းစရာကောင်းတယ်ထင်ရပေမယ့် ဂျပန်ရုပ်ရှင်သဘောကျသူတွေအဖို့တော့ ဂျပန်ကားရဲ့ အနှစ်သာရတွေ အများကြီးပါတဲ့ ချိုမြိန်တဲ့ အချစ်ဇာတ်ကားလေးတစ်ကားပါပဲ ယခုလည်း ဒရာမာစီးရီးအဖြစ် ထုတ်လွှင့်ပြသလျက်ရှိပါတယ်