Movie Name
Uncle (2021)
Year
2021
Generes
Comedy, Drama
Code
SKR0589
Type
Series
Size
9.46 GB
Country
Korea
Description
Uncle (2021) 1-16 Complete Joon-Hyeok (Oh Jung-Se) ကတော့ လူသိနည်းတဲ့ ဂီတသမားတစ်ယောက်ပဲ ဖြစ်ပြီးတော့ လုပ်သမျှ မအောင်မြင်ဘဲ လုံးဝ အရှုံးသမားဖြစ်သွားတဲ့အပြင် အစ်မဖြစ်သူ Wang Joon Hee (Jeon Hye Jin)နဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ် တစ်နေ့မှာတော့ သူ့အစ်မဂျွန်ဟီး ရဲ့သားက သူ့ရှေ့မှာပေါ်လာခဲ့ပါတယ် သူ့အစ်မကလည်း အိမ်ထောင်သက် ၁၂ နှစ်ကြာပြီးတဲ့အခါမှာတော့ တစ်ခုလပ် တစ်လင်ကွာ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ ကလေးအမေဖြစ်သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အိမ်ထောင်ကွဲခဲ့ရတာပါ။ ကလေးအမေတစ်ယောက်တည်း အဖေမရှိတဲ့သားလေးကို ဘယ်လိုစောင့်ရှောက်မလဲ? အဲ့လိုနဲ့ ဇာတ်ကားနာမည် Uncle ဆိုတဲ့အတိုင်း တူဖြစ်သူနဲ့ အတူနေထိုင်ပြီး စောင့်ရှောက်ခဲ့ပါတော့တယ် ဂျွန်ဟီးက စျေးပေါတဲ့ တိုက်ခန်းကို ပြောင်းနေပြီး သားဖြစ်သူကို အုပ်ထိန်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ် ဟယ်ယောင်းHey-Ryeong (Park Sun-Young)ကတော့ Royal State ရဲ့ တန်ဖိုးကြီးတိုက်ခန်းမှာ နေထိုင်သူဖြစ်ပါတယ် သူ‌က‌တော့ တိုက်ခန်းက မိဘအသိုင်းအဝိုင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး တခြားမိဘတွေက လေးစားပြီး အားကျရတဲ့ လူမျိုးပါ Kyeong-Il (Lee Sang-Woo) ကတော့ နွေးထွေးတဲ့ သူပါ ဇနီးသေဆုံးပြီးတော့ သမီးဖြစ်သူကို တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့တာပါ Yoo-Ra (Hwang Woo Seul Hye) ကလည်း မိဘအသိုင်းအဝိုင်းရဲ့အသင်းမန်ဘာတစ်ဦး ဖြစ်ပြီး အမြဲတမ်းဥက္ကဌဖြစ်တဲ့ ဟယ်ယောင်းကို အားကျနေတဲ့သူတစ်ယောက်ပါ တစ်ခါတလေမှာ အချစ်ကား‌တွေထက် ဒီလိုကားမျိုးက ပိုပြီးဆွဲဆောင်မှုရှိပါတယ် မတူညီတဲ့လူအမျိုးမျိုးနဲ့ သာမာန်နဲ့မတူတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို ရိုက်ပြထားပြီး ဦးလေးနဲ့ တူဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာကိုပါ တွေ့ရှိရမှာပါ BBC ကနေ Sitcom အဖြစ် ရိုက်ကူးခဲ့တဲ့ Uncle ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် အတော်လေးနိပ်တဲ့ ဇာတ်ကားထဲ ပါတယ် ဆိုရမှာပါ။ အပိုင်းကတော့ စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီးတော့ အပတ်စဉ် စနေ တနင်္ဂနွေညတိုင်း Channel Myanmar ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Thaw Tar က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Thuu Thuu, Milkeux, Lai Laii, Thaw Tar တို့ပဲ ဖြစ်ပါတယ်