Movie Name
Neymar The Perfect Chaos (2021)
Year
2021
Generes
Documentary, Sport
Code
EN0888
Type
Movie
Size
1.58 GB
Country
Hollywood
Description
အပိုင်း ၁ မှ ၃ (အစ-အဆုံး) ”ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား”၊ “အဲဒါ ခင်ဗျားကိစ္စလေ”၊ “ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ” သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ဝင်ငွေရှိပြီး သူ့ရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၆၅,၀၀၀ (မြန်မာငွေ သိန်း ၄၇၀၀ ကျော်) ရှိပါတယ်။ ဒီစီးရီးထဲမှာတော့ ဒီလောက်ဝင်ငွေတွေရဖို့ သူဖြတ်သန်းခဲ့ရတာတွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြန်လှန်ပြောဆိုထားတာတွေ့ရမှာပါ။ ခင်ဗျားဟာ ဘောလုံးနဲ့ ရင်းနှီးတဲ့လူတစ်ယောက်ဆိုရင်တော့ ဒါဟာ မဖြစ်မနေကြည့်ရှုသင့်တဲ့ စီးရီးတစ်ခုဖြစ်ကြောင်း ရဲရဲကြီးအာမခံလိုက်ပါရစေ။