-
Movie Name
-
Kudi Yedamaithe (2021)
-
Year
-
2021
-
Generes
-
Sci-Fi, Thriller
-
Code
-
SIND0019
-
Type
-
Series
-
Size
-
4.70 GB
-
Country
-
Bollywood
-
Description
-
1-8 Complete
အိန္ဒိယပရိသတ်တွေအတွက် အိန္ဒိယ Series အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Genre ကတော့ Crime, Sci-fi, Thriller အမျိုးအစားဖြစ်ပြီးတော့ Rahul Vijay နဲ့ Amala Paul တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းလေးကတော့ ရဲအရာရှိဖြစ်တဲ့ Durga နဲ့ Delivery ကောင်လေးဖြစ်တဲ့ Adhi တို့က Time Loop တစ်ခုတည်းမှာ ထွက်မရအောင်ပိတ်မိနေကြတာပဲဖြစ်ပါတယ်။ Time Loop ဆိုတာကတော့ ကျွန်တော်တို့တစ်ရက်တာဖြတ်သန်းခဲ့သမျှကို နောက်တစ်နေ့မှာလည်း ထပ်ပြီးဖြတ်သန်းရတာပဲဖြစ်ပါတယ်။ တစ်ရက်တာအချိန်ထဲမှာ ပိတ်မိနေပြီးတော့ ဘယ်လိုထွက်ရမှန်းမသိတဲ့အချိန်မှာ ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုဆက်လုပ်ကြမှာလဲ။ ပျော်ပျော်ကြီးပဲ အဲဒီတစ်ရက်တာကို အဆုံးမရှိလည်ပတ်နေကြမှာလား။
ဒါရိုက်တာကတော့ U-Turn တို့ Leila တို့နဲ့ နာမည်ရလာတဲ့ ဒါရိုက်တာ Pawan Kumar ပဲဖြစ်ပါတယ်။ Pawan ရဲ့ ပရိသတ်တွေဆိုရင်တော့ ရှေ့ကဇာတ်ကားတွေကိုကြည့်ဖူးကြမှာပါ။ Pawan ရဲ့ ပရိသတ်မဟုတ်ဘဲရှေ့ကကားတွေကြည့်ဖူးတယ်ဆိုရင်တော့ Pawan ရဲ့ Taste လေးကို ကောင်းကောင်းသဘောပေါက်ကြမှာပါ။ နှစ်ပိုင်းလောက်နဲ့ ပုံမှန် ၂ နာရီကားစာချုံ့လို့ရပေမယ့် Pawan က ၈ ပိုင်းလောက်အထိကို ဆွဲဆန့်လိုက်ပါတယ်။ တစ်ချို့နေရာတွေမှာ အရေးမကြီးဘူးလို့ထင်မိကောင်းထင်မိနိုင်ပါတယ်။ ဒါပေမယ့် Pawan က လှလှပပကို အစချန်ခဲ့သမျှအရာတွေကို တစ်ခုချင်းပြန်ဆက်ပြီးတော့ Climax ကို ရောက်အောင်ဆွဲတင်ပေးခဲ့ပါတယ်။
တစ်ချို့အခန်းတွေကတော့ ပျင်းစရာကောင်းတဲ့ရိုက်ချက်တွေလို့ ခံစားရကောင်းခံစားရနိုင်ပေမယ့် သည်းခံပြီးကြည့်လိုက်ပါ စိတ်မပျက်စေရဘူးလို့ အာမခံပါတယ်။ Thriller တို့ထုံးစံအတိုင်း အသည်းတစ်အေးအေးနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ၁၈ ယောက်ပြည့်မှကြည့်ပါလို့ ပြောထားတဲ့အတွက် လူစုပြီးမှကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။