-
Movie Name
-
Beautiful Reborn Flower (ပန်းတစ်ပွင့်ရဲ့နိဒါန်းသစ်) (2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
SC0481
-
Type
-
Series
-
Size
-
15.5 GB
-
Country
-
China
-
Description
-
1-50 complete
ဇာတ်လမ်းအကျဉ်း
>>>>>>>>>>>>>
Lin Heping, Zhuo Yang, Xu Zhensheng နဲ့ Ai Sen တို့(4) ယောက်ဟာ တက္ကသိုလ်ကျောင်းမှာသူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ အမွှာညီအစ်မတွေဖြစ်တဲ့ Qiao Man နဲ့ Nan Sheng ကတော့ ငယ်ကတည်းကမိဘတွေကွာရှင်းခဲ့မှုကြောင့် တစ်ကွဲတစ်ပြားစီ နေခဲ့ရပါတယ်။
ပထမဆုံးမှာ Lin Heping နဲ့ အမွှာညီအစ်မထဲကတစ်ယောက်ဖြစ်တဲ့ Nan Sheng နဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။
တစ်နေ့တော့ အမြွှာညီအစ်မထဲက နောက်တစ်ယောက်ဖြစ်တဲ့ Qiao Man ကလည်း သူတို့ကျောင်းကိုပြောင်းလာသတဲ့။
အမြွှာညီအစ်မနှစ်ယောက်ကလည်း အခုချိန်မှအတူတူပြန်နေခွင့်ရတာပေါ့နော်…
အဲ့ဒီမှာ Qiao Man ဟာလည်း Heping ကို
ချစ်မိသွားပါတယ်။ ဒါပေမယ့် သူမရဲ့ခံစားချက်ကိုဖုံးကွယ်ပြီးနေခဲ့ပါတယ်။ ဒီကြားထဲ အကြောင်းအမျိုးမျိုးနဲ့အထင်လွှဲမှုတွေကြောင့် Nan Sheng နဲ့ Heping ဟာ လမ်းခွဲခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ Heping ဟာ ကျိုးကုမ္ပဏီအုပ်စုမှာအလုပ်ဝင်လုပ်ရင်း Qiao Man နဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ပါတယ်။
Qiao Manဟာ Heping နဲ့ Nan Sheng ကို စိတ်ရင်းနဲ့
ဆင်ပြေစေချင်ခဲ့ပေမယ့် ကြားထဲမှာအရှုပ်အထွေးတွေပေါ်လာခဲ့ပါတယ်။
ဇာတ်ညွှန်းမှာတင် မျောသွားတယ်မဟုတ်လား…😜
အချုပ်ကတော့ အမြွှာညီအစ်မနှစ်ယောက်နဲ့ ကောင်ချောလေးတစ်ယောက်ကြားက အချစ်ဇာတ်လမ်းအကြောင်းရိုက်ကူးထားတာပါ။
Qiao Man နဲ့ Nan Sheng နှစ်ယောက်အနက်
နောက်ဆုံးမှာ ဘယ်သူက Hepingရဲ့အချစ်ဆုံးလေးဖြစ်သွားမလဲဆိုတာကို SoulKingdom ကနေတင်ဆက်သွားမယ့် Beautiful Reborn Flower(ပန်းတစ်ပွင့်ရဲ့နိဒါန်းသစ်) ဇာတ်ကားမှာ စောင့်ကြည့်ရအောင်…
Heping အဖြစ် မင်းသား Song Wei Long နဲ့
Qiao Man နဲ့ Nan Sheng အဖြစ် မင်းသမီး Jelly Lin ကပါဝင်သရုပ်ဆောင်ထားပါတယ်🌹