Movie Name
I Am Georgina (2022)
Year
2022
Generes
Documentary
Code
SE0190
Type
Series
Size
2.13 GB
Country
Hollywood
Description
1-6 Complete I Am Georgina (2022) ====================== IMDb Rating – 6.2/10 ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော Ronaldo ကတော်က ဘယ်လိုစိတ်၀င်စားစရာ ဘ၀အကြောင်းတွေ ချပြပြီး ဘာတွေ သိလာရမလဲဆိုတာ အင်မတန်မှ စိတ်၀င်စားစရာပဲ…. ဒီ documentary ထဲမှာ လွန်ခဲ့တဲ့ငါးနှစ်က သူနဲ့ ရော်နယ်ဒို စပြီးတွေ့ဆုံဖြစ်ခဲ့ပုံတွေ Luxury Brand အရောင်းဝန်ထမ်းဘဝကနေ အခု သူကိုယ်တိုင် luxury brand တွေ ဝတ်ပြီး red carpet လျှောက်နေရသည်အထိ သူ့ဘဝပြောင်းလဲခဲ့ပုံ‌တွေ။ အမေတစ်ယောက်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ influencer တစ်ယောက်အနေနဲ့ သူ့ဘဝကို ဘယ်လိုလည် ပတ်နေပုံတွေ Christiano ရဲ့ မိသားစုနဲ့ သူနဲ့ကြား ဆက်ဆံရေးတွေ ဘာမှမရှိတဲ့ဘဝကိုရော အရာရာပြည့်စုံနေတဲ့ဘဝကိုပါ ‌ပိုင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဒါတွေအပေါ် သူ့ရဲ့အမြင်၊ ခံစားချက်တွေစတာတွေကို ရိုက်ကူးတင်ဆက်‌ပြထားတာဖြစ်ပြီး ဒို‌လေးကလည်း အင်တာဗျူးတွေဖြေပြီး support ပေးထားတာဖြစ်လို့ ဂျော်ဂျီနာရဲ့ documentary လေးကို ကြည့်ရှုလိုက်ကြပါဦး