Movie Name
Nightmare Alley (2021)
Year
2021
Generes
Crime, Drama, Thriller
Code
EN0895
Type
Movie
Size
0.99 GB
Country
Hollywood
Description
နာမည်ကြီးcrime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့Nightmare Alley (2022)ထွက်ရှိလာပါပြီ Cast ​တွေအ​နေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcast​တွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.4 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ် အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnivalအဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်၊ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သ​ဘော​ပေါက်သွားပါတယ်၊ အဲဒီပါရမီ က​တော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ၊ ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံး​ပေါ်ထိပ်ကွက်၊ သူများမျက်ခုံး​​​​မွေး​ပေါ် စင်္ကြံ​လျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မ​ကောင်းမှုတစ်ခုကို စိတ်ပညာမှာ သူ့လိုပဲထူးချွန်တဲ့ လီလစ်ဆိုတဲ့သူနဲ့ ပူး​ပေါင်းလုပ်ဖို့ ကြံစည်တဲ့ အခါမှာ… သူ့ရဲ့အတိတ်ကဖြစ်ရပ်ဆိုးက ဘာလဲ ၊ သူ့ရဲ့ပါရမီကို ဘယ်လို ပုံစံမျိုး အသုံးချပြီး တစ်ပါးသူကို လိမ်လည်လှည့်စားမလဲ လီလစ်ဆိုတဲ့အမျိုးသမီးက​ရော သူ့အတွက် တကယ်မိတ်​ဆွေစစ် ဖြစ်​နေမလား၊ ဒါမှမဟုတ် လူပါးပုလင်းထိ ဖြစ်သွားမလားဆိုတာ HBOmaxက လွှင့်တဲ့ဇာတ်ကားဆိုသလို setting​အကောင်းစား Castအ​ကောင်းစား​တွေနဲ့ 1940 vibeအပြည့်ရ​​အောင် ဖန်တီး ထားတဲ့ဇာတ်ကား​ကောင်းကြီး ဖြစ်သလို ခန့်ညား​ချော​မောဆဲ ဖြစ်တဲ့ Bradley Cooperနဲ့ အခုချိန်ထိ လှမြဲလှဆဲ မင်းသမီးကြီး Cate Blanchettတို့ရဲ့ သရုပ်​ဆောင်စွမ်းရည်နဲ့ အားပြိုင်မှု​တွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်