-
Movie Name
-
Love Lasts Forever (2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
SJP0018
-
Type
-
Series
-
Size
-
2.42 GB
-
Country
-
Japan
-
Description
-
1-10 Complete
Love Lasts Forever (2020)
Sakura Nanase ဆိုတဲ့ အလယ်တန်း ကျောင်းသူကောင်မလေးဟာ ကျောင်းပြီးရင်ဘာလုပ်ရမလဲ
ရေရေရာရာမသိတဲ့အတွက် သူ့မရဲ့ပန်းတိုင်ကိုသိဖို့
နတ်ဘုရားတွေဆီမှာအမြဲတိုင်တည်တယ် တစ်နေ့မှာ သူမကျောင်းကို အသွား သူမရှေ့မှာ မူးလဲသွားတဲ့မိန်းမကြီးကြောင့်
တစ်ယောက်ယောက်ကယ်ကြပါအုံးလို့ သူမအော်ခဲ့တယ်
သူမရဲ့အော်သံကြောင့် အပြေးလေ့ကျင့်ရာကနေပြန်လာတဲ့
ဆရာဝန် Tendo kairiက မိန်းမကြီးကိုကယ်တင်ခဲ့တယ် နွေးထွေးကြင်နာတဲ့ ဆရာဝန် Tendoကြောင့်
သူမဟာ မြင်မြင်ချင်းဘဲချစ်မိတဲ့အပြင်
လူတွေကယ်တင်တဲ့ Nurseအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်Dr Tendo နဲ့အတူ ဆေးရုံမှာ အလုပ်ခွင့်ရအောင် စာကိုကြိုးစားခဲ့တယ်
(၅)နှစ်အကြာမှာ သူမဖြစ်ချင်တဲ့အတိုင်း
ဆရာဝန်Tendoရှိတဲ့ဆေးရုံမှာ တာဝန်ကျခဲ့ပေမယ့်
သူမရဲ့ ရှပ်ပျာပျာ အမှားအယွင်းတွေကြောင့်
Dr Tendo ကကြည့်မရခဲ့ဘူး ဒါပေမယ့် လူနာတွေအပေါ် ကြင်နာတတ်တဲ့စိတ်နဲ့
မှတ်တမ်းလိုက်တဲ့နေရာမှာတော်တဲ့သူမကို တိတ်တခိုးပြန်ချစ်ခဲ့ပြီးသူ့ရဲ့အဖွဲ့မှာခေါ်ခဲ့တယ်
အသက်အရွယ်ကွာတာကတစ်ကြောင်း သူမကအမြဲရှပ်ပျာတာကြောင့်တစ်ကြောင်း Dr Tendo က ချစ်ပေမယ့် လူတွေရှေ့ကျအရေးမလုပ်တာရယ်
သူမကိုသူ့လုပ်ဖော်ကိုင်ဖက်က စိတ်ဝင်စားနေတော့လည်း ခိုးအူတိုတာရယ် ချစ်တာကိုမထုတ်ပြပေမယ့်
အရမ်းချစ်နေတဲ့ ဘဲကြီးပုံစံတွေ့ရမှာပါ
သူတို့ပွင့်ပွင့်လင်းလင်းချစ်ကြတဲ့အခါ
Dr Tendo ရဲ့ အချစ်ဦး နဲ့ ရုပ်ချင်း ဆင်တဲ့ ညီမပေါ်လာသောအခါ ဘာ ဆက်ဖြစ်ကြမလဲ