Movie Name
Cobra Kai
Year
2018
Generes
Action, Family, Sport
Code
SE0194
Type
Series
Size
2.85 GB
Country
Hollywood
Description
S1 (1-10) ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။ စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်း ကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။ စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး မိန်းမနဲ့ သမီးနဲ့အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။ ကော်ဘရာကိုင် ကရာတေး သင်တန်းလည်း ပိတ်သွားခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့တော့ လောရမ့်ဟာ အနိုင်ကျင့်ခံနေရတဲ့ကလေးတစ်ယောက်ကို ကူညီရင်းနဲ့ ကော်ဘရာကိုင် ကရာတေးသင်တန်းကိုပြန်စချင်စိတ်တွေဖြစ်လာပြီး စတင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း လော်ရူဆိုက သူ့ရဲ့မီရာဂီဒိုကရာတေးကို ချစ်နေဆဲဖြစ်ပြီး ပြန်သင်ပေးဖို့ တပည့်တစ်ယောက်ရလာတဲ့အခါ ကျောင်းတော်က ရန်စတွေနဲ့ အပြိုင်အဆိုင် ကရာတေးအဖွဲ့ကြီးနှစ်ဖွဲ့ပေါ်လာပါတော့တယ်။