Movie Name
The Requin (2022)
Year
2022
Generes
Horror, Thriller
Code
EN0896
Type
Movie
Size
781 MB
Country
Hollywood
Description
The Requin (2022) ============= GCပရိသတ်ကြီးအတွက် Mystery,horrorဇာတ်ကားသစ်တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်၊ မမျှော်လင့်ပဲကြုံခဲ့ရတဲ့ မုန်တိုင်းဒဏ်ကြောင့် ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ စုံတွဲတစ်တွဲအကြောင်းပါ။ ဇာတ်လမ်းအကြောင်းအရာကို ပြောရရင်တော့ ကိုင်လ်နဲ့ဂျေးတို့နှစ်ယောက် ဗီယက်နမ်ကို အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ကြရာကစရမှာပါပဲ၊ ဂျေးက ဟိုအရင်ကသူ့ရဲ့ကိုယ်၀န်ပျက်ကျမှုကြောင့် သူ့ကိုယ်သူအပြစ်တင်နေရင်း, အပြစ်ရှိသလိုခံစားနေရတဲ့သူပါ၊သူ့ဇနီးဖြစ်သူဂျေးတစ်ယောက် အပန်းဖြေနိုင်ဖို့, အတိတ်ကအကြောင်းအရာတွေကို မေ့ပစ်နိုင်ဖို့အတွက် ကိုင်လ်ကဒီခရီးကိုစီစဉ်ပေးခဲ့ပေမယ့် မမျှော်လင့်ပဲကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်၊ ဗီယက်နမ်ကမ်းခြေကဟိုတယ်တစ်ခုရဲ့ ရေပေါ်အိမ်‌လေးမှာ တိတ်တိတ်ဆိတ်ဆိတ်အနားယူရင်း အပန်းဖြေနေ‌တဲ့သူတို့နှစ်ယောက်က မုန်တိုင်းနဲ့ကြုံခဲ့ရပါတယ်၊မုန်တိုင်းဒဏ်ကြောင့်ပဲ သူတို့အိမ်လေးကကမ်းနဲ့တဖြည်းဖြည်းဝေးလာရင်း ပင်လယ်ထဲအထိရောက်လာချိန်မှာတော့ ကယ်ဆယ်မယ့်သူကိုလည်း မမျှော်နိုင်တော့ပဲ ကိုယ့်ဘ၀အတွက်ကိုယ်တိုင်တိုက်ပွဲ၀င်ရပါတော့တယ်၊ ပင်လယ်ထဲက လူနှစ်ယောက်, သူတို့ဘ၀အတွက် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ခုပဲကြည့်ရှူခံစားကြည့်ကြပါဦး။