Movie Name
Oomai Sennai (2021)
Year
2021
Generes
Action, Crime, Drama
Code
IND0279
Type
Movie
Size
1.08 GB
Country
Bollywood
Description
ပါသီဗန်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ပထမဆုံး ခွဲစိတ်ခန်းဝင်တဲ့နေ့မှာပဲ စီနီယာဆရာဝန်ကြီးရဲ့ ပေါ့ဆမှုကြောင့် သူ့ရဲ့လူနာ သေဆုံးသွားခဲ့ပါတယ်။ လူနာရဲ့မိဘတွေကို အမှန်အတိုင်းပြောပြဖို့ ပါသီဗန်ကြိုးစားခဲ့ပါတယ်။ ဆေးရုံရဲ့ဂုဏ်သိက္ခာကျဆင်းမှာကို စိုးရိမ်တဲ့အတွက်ဆေးရုံအုပ်နဲ့ သူ့ရဲ့စီနီယာဆရာဝန်ကြီးတို့ သက်သေအတုတွေဖန်တီးပြီးတော့ လူနာသေဆုံးရတာဟာ ပါသီဗန်ရဲ့ပေါ့လျော့မှုကြောင့်ပါဆိုပြီး တရားရုံးမှာ သက်သေထွက်ဆိုလိုက်ပါတယ်။ သူတို့ရဲ့ မတရားစွပ်စွဲမှုကြောင့် ပါသီဗန်ဟာ ဆရာဝန်လက်မှတ်အသိမ်းခံလိုက်ရတဲ့အပြင် ထောင်၅နှစ် ချမှတ်ခံလိုက်ရပါတယ်။ ပါသီဗန် ထောင်ကလွတ်လာပြီးတော့ စုံထောက် မသီဗာနန်အတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ စုံထောက်ကြီးဆီမှာ အလုပ်လုပ်နေရင်းက မိန်းမဖြစ်သူရဲ့ထောက်ပြပြောဆိုမှုတွေကြောင့် သူလုပ်နေတဲ့အလုပ်တွေက မကောင်းတဲ့အလုပ်တွေဆိုတာကို ပါသီဗန်သဘောပေါက်သွားတယ်။ ဒီအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ပြီးတော့ စုံထောက်ကြီးဆီကနေ အလုပ်ထွက်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် သူနောက်ဆုံး တာဝန်ယူခဲ့တဲ့ အာလာကာပန်ကိုဖုန်းဆက်ပြီးတော့ သူ့မှာအန္တရာယ်ရှိနေတဲ့အကြောင်း သတိပေးစကားပြောဆိုခဲ့ပါတယ်။ ဒီသတိပေးစကားကြောင့် ပါသီဗန် ဘယ်လိုပြန်ပေးဆပ်ရမလဲ… သူ့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေအတွက် သူဘယ်လိုပြန်ပေးဆပ်ရမလဲ…..